73

670 56 0
                                    

အခန်း 73-  မြေအောက်မျိုးနွယ်

ပြင်ပလောက… လူသားကမ္ဘာကြီးနှင့် ဝေးကွာလှသော အမည်မသိကုန်းမြေတစ်ခု၌…

"နတ်ဆိုးကျွန်လေးယောက်စလုံး သေဆုံးသွားပြီဆိုတာ အာရုံခံမိပါတယ်…"

"ဘာ… အကုန်‌သေသွားတာလား… "

"အခြေအနေအတိအကျကို ပြောစမ်း…"

"ကျုပ်တို့မသိရသေးပါဘူး… စုံစမ်းမှုတွေအရတော့ သူတို့ဟာ ဥက္ကာပျံတွေကြောင့် သေဆုံးခဲ့ရတာပါ…”

“ဟာသပဲ… သူတို့အကုန်လုံးမှာ အထူး အစွမ်းအစတွေရှိတယ်။ ဒီလို သက်မဲ့အရာဝတ္တုကြောင့် သူတို့ ဘယ်လိုလုပ် သေသွားနိုင်မှာလဲ။”

“ဖြစ်နိုင်ခြေ နှစ်ခုရှိတယ်…. တစ်ခုက ဥက္ကာပျံတွေက ပုံမှန်မဟုတ်လို့ရယ်… နောက်တစ်ခုက တစ်စုံတစ်ယောက်က ဥက္ကာပျံတွေသုံးပြီး တိုက်ခိုက်ခဲ့တာရယ်…”

“ဒါက ပထမဖြစ်နိုင်ချေ ဖြစ်မယ်ဆိုရင် သူတို့ဟာ အားကောင်းလွန်းတဲ့ နေကြယ်တစ်စင်းနဲ့ တွေ့ဆုံခဲ့ကြလို့ပဲ…။”

“ဒါပေမယ့် အခု သူတို့သွားတဲ့ ကမ္ဘာက မြေကမ္ဘာနတ်ဘုရားရဲ့ အလံပေါ်ထွက်လာတဲ့နေရာဆို‌တော့ အဲဒီလို ကမ္ဘာ အနားမှာ ဒီလိုနေကြယ်တစ်ခု ရှိနေနိုင်ချေက အရမ်းကိုနည်းတယ်….””

"ဆိုတော့… ဒါ ဒုတိယဖြစ်နိုင်ချေ ဖြစ်ဖို့ ပိုများတယ်…"

“အဲဒါဆိုရင်တော့ အဲဒီ့တိုက်ခိုက်မှုက အင်ပါယာ ပေါ်ထွန်းလာမှပဲ ဖြစ်နိုင်မယ်”

ထိုသို့ ပြောပြီးသည်နှင့် စကားရပ်သွား၏။

ခေတ္တမျှ တိတ်ဆိတ်သွားကြလေသည်။

“ဟူး….”

သက်ပြင်းချသံတစ်ခု ကြားလိုက်ရသည်။

"ဒီမှာရှိတဲ့လူတိုင်းက အင်ပါယာနယ်ပယ်နဲ့ အရမ်းနီးစပ်နေပြီ… ဒါပေမယ့် ငါတို့ထဲက တစ်ယောက်မှ အင်ပါယာမဖြစ်လာသေးဘူး"

"ကောင်းကင်တာအိုရဲ့အသိအမှတ်ပြုမှုကို ရရှိဖို့က ခက်ခဲလွန်းတယ်…"

“ကိစ္စတော့ သိပ်မရှိပါဘူး… ငါတို့ အကြံအစည် အောင်မြင်သရွေ့ ငါတို့အင်ပါယာတွေ ဖြစ်လာနိုင်တာပဲ…”

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now