15

944 87 0
                                    

ငါ့တပည့်တွေရူးနေကြပြီ
အခန်း 15: ကောင်းကင်ဘုံကြယ်ပွင့်မွေးဖွားခြင်း

တစ်နှစ်ခွဲအကြာတွင် ကျောက်စိမ်းစံအိမ်ကြီးတွင် တင်းမာမှုတစ်ခု ဖြစ်ပွားလာခဲ့တော့သည်။

ယုရှောင်ရှန်း နှင့် ယုချောင်တို့ စံအိမ်၏ ဧည့်ခန်းထဲတွင် ကျင့်ကြံသူနှစ်ယောက်နှင့် ဆွေးနွေးနေ၏။
တစ်ဦးမှာ ရေပြာရောင် ၀တ်စုံဖြင့် ကျောက်စိမ်းတုံးကဲ့သို့သော အသားအရေရှိသည့် လူလတ်ပိုင်း အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမ၏ နက်မှောင်စိမ်းသော ကျောက်စိမ်းဆံပင်များမှာ အထူးဆွဲဆောင်မှုရှိလှသည်။
နောက်တစ်ယောက်ကတော့ အဘွားကြီးတစ်ယောက် ဖြစ်သည်။ သူမ၏မျက်နှာသည် အသက်အရွယ်နှင့်လိုက်၍ ရင့်ရော်မှုအား မြင်နေရသော်လည်း သူမ၏ဆံပင်များမှာတော့ အနက်ရောင်ဖြစ်သည်။ ရေငွေ့များက သူမခန္ဓာကိုယ်ကို ဝိုင်းရံထားသည်။

“ယုမိသားစု‌ခေါင်းဆောင်... ဒေါင်လင်းလောင်က ကိုယ်ဝန် ခြောက်လပဲ ရှိသေးတယ်။ ငါတို့ရဲ့ စစ်ဆေးမှုတွေအရ အားလုံးအဆင်ပြေတယ်လို့ပဲ ကောက်ချက်ချလို့ရမယ်။ လမစေ့ဘဲမွေးလာမှာကို ဘာလို့စိုးရိမ်နေရတာလဲ”

သက်လတ်ပိုင်းအမျိုးသမီးလည်း မည်သို့မျှမပြောသော်လည်း တိတ်တဆိတ် သဘောတူပုံရလေသည်။

“ခင်ဗျားတို့နှစ်ယောက်က ဒါကိုမသိပေမယ့် ကျုပ်မိန်းမက ဒီလောကထဲကို ကလေးလေးတစ်‌ယောက် ရောက်လာဖို့ အမြဲအိပ်မက်မက်နေခဲ့တယ်။ ကိုယ်ဝန်ရှိပြီးနောက်ပိုင်း အိမ်မက်မမက်တော့ပေမယ့် မကြာသေးခင်က အိပ်မက်တွေ ပြန်မက်လာတယ်။ ခုနောက်ပိုင်းမှာ မွေးတော့မယ်လို့ ပြင်းပြင်းထန်ထန် ခံစားချက်ရှိလာနေတယ်။”

ယုချောင်မှာ ရီချန်းဂျီ သည် ထူးထူးခြားခြားဖြစ်သည်ကို သိထားပြီးဖြစ်သော်လည်း သူ၏အချက်အလက်များကို ပေါ့ပေါ့ဆဆ ထုတ်ပြောဝံ့ခြင်းမရှိပေ။ ဇနီးဖြစ်သူ၏ အိပ်မက်များအပေါ်တွင်သာ ပုံချနိုင်တော့သည်။

အမှန်တော့ လျှို့ဝှက်အစွန်အဖျားဂိုဏ်းက အလွန်ဝေးလံလွန်းလှသည်။ ရီချန်းဂျီမှာ  ၎င်းကို လွန်ခဲ့သည့် တစ်နှစ်ခွဲလောက်ကတည်းက ခံစားခဲ့ရခြင်း ဖြစ်သည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now