119

563 38 0
                                    

အခန်း 119- အားကောင်းလွန်းသော အင်ပါယာတစ်ပိုင်းအဆင့်များ

အင်ပါယာအဆင့်လက်နက်ဝင်္ကပါကို စတင်လိုက်သောအခါ ကောင်းကင်ဘုံလူသားကမ္ဘာကြီးတစ်ခုလုံး တုန်လှုပ်သွားခဲ့တော့သည်။

ဤသည်မှာ အင်ပါယာလက်နက်ဝင်္ကပါအား ရန်သူအား တိုက်ခိုက်ရန် ၎င်း၏ ခွန်အားအပြည့်ဖြင့် ပထမဦးဆုံးအကြိမ် စတင်အသက်သွင်းခဲ့ခြင်း ဖြစ်သည်။

၎င်းမှာ ယခင်က တစ်ခါမှ မဖြစ်ဖူးသည့်အရာပင်။

ဒေသငါးခုမှ လူတိုင်းမှာ အလင်းတန်းနှစ်ဆယ်နီးပါး ကောင်းကင်သို့ ထောင်တက်နေသည်ကို တွေ့နေကြရသည်။

ရေဖန်သားပြင်ကို မဖယ်ရှားရသေးသဖြင့် လူများနှင့် ကျင့်ကြံသူများသည် အမြင်များ ဖလှယ်ရန် မြို့တော်ကြီးများတွင် မကြာခဏ စုရုံးလေ့ရှိကြသည်။

"ဘာဖြစ်နေတာလဲ.... ဘာလို့ ဒီ‌လောက် အားကောင်းတဲ့ အလင်းတန်းတွေ ရုတ်တရက် ပေါ်လာရတာလဲ...”

“အင်ပါယာလက်နက်ဝင်္ကပါကို အသက်သွင်းလိုက်တဲ့ပုံပဲ... မြင့်မြတ်နယ်မြေတွေ တိုက်ခိုက်ခံရလို့လား...”

"သူတို့ လျှို့ဝှက်အစွန်အဖျားဂိုဏ်းအင်ပါယာကို တိုက်ခိုက်တော့မယ်လို့တော့ မပြောစမ်းနဲ့...!"

"သူတို့က အကြောင်းပြချက်မရှိဘဲ လျှို့ဝှက်အစွန်အဖျားဂိုဏ်းအင်ပါယာကို ဘာလို့ ရုတ်တရက်ကြီး တိုက်ခိုက်ကြမှာလဲ..."

“သူတို့အားလုံး ကြောက်ရွံ့ပြီး မစောင့်နိုင်ကြတော့တဲ့ပုံပဲ... ဟုတ်တယ်... သူတို့ကြားမှာလည်း ပဋိပက္ခကြီးကရှိနေတယ်လေ... အခု လျှို့ဝှက်အစွန်အဖျားဂိုဏ်းအင်ပါယာက အရမ်းအစွမ်းထက်နေတော့ သူက နောက်ပိုင်းမှာ သေချာပေါက် ပိုပြီးအားကောင်းလာဖို့ပဲ ရှိတယ်... သူ့ကို ဒီတစ်ကြိမ် မရှင်းထားနိုင်ခဲ့ရင် ငါတို့ ထာဝရ နှိပ်စက်ခံရတော့မှာ မဟုတ်ဘူးလား...”

တစ်ယောက်ယောက်မှ နားလည်ဟန်ဆောင်ကာ သူ့ပတ်ဝန်းကျင်မှ လူများကို ရှင်းပြသည်။

ထိုကဲ့သို့ ဆွေးနွေးပွဲများမှာ မြို့ထဲမှာတင်မက အဓိက ကျင့်ကြံရေးအင်အားစုများ၊ ဂိုဏ်းများနှင့် မြင့်မြတ်နယ်မြေများတွင်ပင် ဖြစ်နေကြလေသည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now