75

642 52 0
                                    

အခန်း 75- ကျောင်းတော်ဆောင်ပုဒ်အတွက် ကျောင်းတော်က မထိုက်တန်ဘူး

လီရှန်းယီအား ရန်လိုစွာတားဆီး နေသည့် လူအုပ်ကြီး ရပ်တန့်သွား၏။

ထက်မြက်ဟန်ရသော လူငယ်လေးတစ်ယောက် ရှေ့သို့ တိုးလာ‌လေသည်။

ထိုလူငယ်မှာ အဖြူရောင် ၀တ်ရုံအား ဝတ်ဆင်ထားပြီး ခေါင်းပေါ်တွင် ခေါင်းစီးပဝါနှင့်ဖြစ်သည်။

“ကျုပ်က မိုဝူပါ… မိုးပြာနဂါးစာရင်းမှာ ကျုပ်က ထိပ်သီးအဆင့် ငါးဆယ်မှာ ပါဝင်ပါတယ်… ကျုပ်ဆိုရင်ရော ဒီက လူကြီးမင်းအတွက် လုံလောက်မလားလို့ သိချင်မိတယ်…"

“မင်းလည်း အဆင့်မမှီဘူး… ငါ့ကိုမတားနေနဲ့တော့… မင်းတို့ ကျောင်းတော်ရဲ့ လက်ရှိခေါင်းဆောင်ဆီကိုပဲ ငါ တိုက်ရိုက်သွားလိုက်တော့မယ်…"

လီရှန်းရီ အချိန်မဖြုန်းချင်ပေ။

ဤနေရာပြီးလျှင် ချင်ခွန်းတောင်ကြားသို့သွားရဦးမည်ဖြစ်ကာ ဟောင်ဝုမင်းဆက်မှ သူ့အားအနိုင်ကျင့်ခဲ့သည့် လူအိုကြီးများနှင့်လည်း တိုက်ခိုက်ရပေဦးမည်။

ယခု ကောင်းကင်တာအိုကျောင်းတော်သို့ ဝင်ရောက်လာခြင်းမှာ ၎င်းတို့၏ ကျောင်းဆောင်ပုဒ် ရေးထွင်းထားသည့် ကမ္ဗည်းပြားကို ဖြိုချရန် ဖြစ်သည်။

သူတို့ကိုယ်သူတို့ မြင့်မြတ်နယ်မြေဟု ခေါ်ဆိုခြင်း မပြုရန်လည်း သတိပေးရန် ဖြစ်သည်။

နောက်ဆုံးတွင် သူနစ်နာခံစားခဲ့ရသည်များအတွက် လျော်ကြေးတောင်းရ‌ပေမည်။

ပြီးနောက် သူ့ဆရာ ရှာဖွေခိုင်းလိုက်သည့် စာရင်းမှ အရာများကိုလည်း ရှာဖွေရဦးမည် ဖြစ်သည်။

"ဒီလူက တကယ့်ကို မာနကြီးတာပဲ! အစ်ကိုမို၊ ကျုပ်ကိုမတားနဲ့တော့…!"

“ဟုတ်တယ်! သူ့အတွက် မိုးပြာနဂါးစာရင်း ထိပ်တန်း ငါးဆယ် ထဲက လူတောင် အရည်အချင်းမပြည့်မီဘူးတဲ့လား.. သူ့ကိုယ်သူ ဘယ်သူလို့ထင်‌နေလဲ မသိဘူး…"

ပတ်ဝန်းကျင်မှ လူများမှာ တီးတိုး ဆွေးနွေးနေခဲ့ကြသည်။

သူတို့အားလုံး လီရှန်းရီအပေါ် မကျေနပ်ကြောင်း ထုတ်ဖော်ပြောဆိုနေခဲ့ကြလေသည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now