166

518 35 0
                                    

အခန်း 166- တိုက်ခိုက်လေလေအားကောင်းလေလေ

ဝူယွမ်ဖေးနှင့်အဖွဲ့ကို အခြားသူများ ဂရုမစိုက်ကြပေ။

အဘယ်ကြောင့်ဆိုသော် တိုက်ပွဲမှာ ပိုမိုပြင်းထန်လာသောကြောင့် ဖြစ်သည်။

“မြင့်တက်စမ်း....!”

ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ လေးဆယ့်ကိုးပါးမဟာဝင်္ကပါကြီး တဖန်ပြန်လည်ထွက်ပေါ်လာပြန်၏။

မည်သို့ပင်ဆိုစေ ၎င်းမှာလည်း အင်ပါယာတစ်ပိုင်း လေးဆယ့်ကိုးပါးဖြင့် ဖန်တီးထားသည့် တိုက်ပွဲဝင်ဝင်္ကပါတစ်ခုဖြစ်နေဆဲဖြစ်သည်။

သူတို့၏ခွန်အားမှာလည်း မည်သို့မျှသာမာန်ဟုတ်နိုင်မည် မဟုတ်ပေ။

ကြီးမားသော ရွှေရောင်အလင်းတန်းကြီးသည် တိုက်ပွဲနေရာတွင် ချက်ချင်းဆိုသလို ပေါ်ထွက်လာပြီး မှန်းဆမရနိုင်သော အရှိန်ဖြင့် ကျယ်ပြန့်လာနေ၏။

မကြာခင်မှာပင် တောက်ပနေသည့် ရွှေရောင်အလင်းတန်းများက ပရိသတ်၏ အမြင်အာရုံတစ်ခုလုံးကို ဖုံးအုပ်သွားခဲ့တော့သည်။

ဝူယွမ်ဖေးမှာ သူ့ရင်ဘတ်ပေါ်သို့ ပြင်းထန်သော ဖိအားတစ်ခုနှင့်ဖိညှစ်လိုက်သလို ခံစားလိုက်ရပြီး အသက်ရှူရပင် ခက်ခဲလာတော့သည်။

ကျောက်ဟန်မှာ ၎င်းကို သတိပြုမိသွားပြီး သူ့အဖော်နှစ်ယောက်ကိုကယ်တင်ရန် သူ့ပုံစံအစစ်အမှန်၏ တစ်စိတ်တစ်ပိုင်းကို ထုတ်ဖော်ကာ ကာကွယ်ပေးလိုက်သည်။

သူ့ခန္ဓာကိုယ်၏ ကြံ့ခိုင်မှုပင် ထိုဖိအားကို ခံနိုင်ရည် မရှိသလောက်ဖြစ်နေရလေသည်။

ရွှေရောင်အလင်းတန်းကို တိုက်ရိုက်ရင်ဆိုင်နေသော ယုထျန်ရှင်းကြုံနေရသည့် ဖိအားသည် မည်မျှထိတ်လန့်စရာကောင်းမည်ကို သူ စိတ်ကူးပင်မယဉ်နိုင်ပေ။

“သွားစမ်း...!”

အင်ပါယာတစ်ပိုင်းလေးဆယ့်ကိုးယောက်လုံး တစ်ချိန်တည်းတွင် အော်ဟစ်လိုက်သည်။ ရွှေရောင်အလင်းတန်းသည် ထက်ရှသောဓားများအဖြစ်သို့ ပြောင်းလဲသွားပြီး ယုထျန်ရှင်းထံ တည့်တည့်ထိုးလွှတ်လိုက်တော့သည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now