127

548 41 0
                                    

အခန်း 127- အသင်္ချေပန်းကမ္ဘာ၏ပထမဆုံးအောင်မြင်သူ

ပုယီကျန်းရန် သည် ကျောက်စိမ်းပြားမှ အချက်အလက်များကို ဆက်လက်ဖတ်ရှုခဲ့သည်။

သူ့ခံစားချက်များကိုလည်း အတော်အတန် ထိန်းချုပ်နိုင်ပြီဖြစ်သည်။

“ဒီတပည့်က တကယ်ကို အံ့သြစရာကောင်းတာပဲ...”

စာကိုဆက်ဖတ်နေရင်းပင် ပုယီကျန်းရန်မှာ အံ့သြပြီးရင်း အံ့ဩနေရလေသည်။

သူသည် အမှန်တကယ်ဆိုရလျှင် ဤကမ္ဘာကြီး၏ ကျင့်ကြံခြင်းလောကတွင် အတော်အားကောင်းသည့်အထဲတွင် ပါဝင်သူဖြစ်ပြီး ကပ်ဘေးဖြတ်ကျော်ခြင်းနယ်ပယ်သို့ ရောက်ရှိနေသူတစ်ယောက် ဖြစ်သည်။

ခရီးလှည့်လည်သွားလာရှာဖွေခြင်းမှ ရရှိသော အခွင့်အလမ်းများအပြင် ပုယီကျန်းရန်၏ နဂိုတိုက်ခိုက်ရေးစွမ်းရည်နှင့် အလားအလာသည် အလွန်ကောင်းမွန်ခဲ့သူ ဖြစ်သည်။

သူအမြင်အရ သူသည် သူတို့မျိုးဆက်တွင် သူတော်စင်တစ်ပိုင်းအဆင့်သို့ ပထမဆုံး ရောက်ရှိသူဖြစ်လိမ့်မည်ဟု သူယူဆထားခဲ့သည်။

သို့သော် ယခုတော့ သူ့အား ထိတ်လန့်စေသည့် သတင်းတစ်ပုဒ်ကို သူသိလိုက်ရသည်။

သူ၏ တစ်ဦးတည်းသော တပည့် ရီချန်းဂျီသည် သူ့အားအပြတ်အသတ်ဖြတ်ကျော်ကာ အင်ပါယာတစ်ပါး ဖြစ်လာခဲ့သည်။

ထိုမျှသာမကဘဲ ရီချန်းဂျီမှ ဂိုဏ်းသို့ ခေါ်ဆောင်လာသော ဂိုဏ်းချုပ်များအကြားတွင် တကယ့်ပညာရှင်အမြောက်အမြား ပါဝင်လာခဲ့သေးသည်။

အင်ပါယာတစ်ပိုင်းအဆင့်များပင် ပါရှိလာခဲ့သည်။

သာမန်အင်ပါယာတစ်ပိုင်းပင် မဟုတ်ဘဲ ချီဟွမ်းမျိုးနွယ်၏ အင်ပါယာတစ်ပိုင်းဖြစ်သည်။ သူ၏ တိုက်ခိုက်ရေး စွမ်းအားသည် အလွန်ကြောက်မက်ဖွယ် ကောင်းပေသည်။

ထိုအပြင် အထက်နယ်ပယ်သုံးခုမှ ပညာရှင်ဆယ့်ငါးယောက်လောက်ပင် ရှိနေသေးသည်။

၎င်းမှာ မည်သို့သော အဖြစ်မျိုးနည်း။

ထိုပညာရှင်ဆယ်ငါးယောက်လုံးမှာ သာမန်မြင့်မြတ်နယ်မြေရှိ အထက်နယ်ပယ်သုံးခုမှ ပညာရှင်များအားလုံးထက် သာလွန်သူများဖြစ်ကြသည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now