175

494 33 0
                                    

အခန်း 175- လျှို့ဝှက်အစွန်အဖျားဂိုဏ်း၏ တပည့်လက်ခံခြင်း အခမ်းအနား

ယခုအချိန်တွင် လျှို့ဝှက်အစွန်အဖျားဂိုဏ်းသည် ယခင်ကနှင့် မတူတော့ပေ။

ယခင် တပည့်လက်ခံခြင်း အခမ်းအနားများသည် ရိုးရှင်းပြီး သာမာန်ဆန်သော်လည်း ယခု လျှို့ဝှက်အစွန်အဖျားဂိုဏ်း၏ တပည့်လက်ခံခြင်း အခမ်းအနားများသည် ပို၍ ရှုပ်ထွေးလာ၏။

လူပေါင်းစုံသည် မတူညီသော အမွေဆက်ခံမှုများ၊ မတူညီသောကျင့်ကြံခြင်းများ စသဖြင့် မတူညီကြသည်များကြောင့် လက်ရှိ လျှို့ဝှက်အစွန်အဖျားဂိုဏ်းသည် ကျင့်ကြံခြင်းတွင် ပါရမီပါသော တပည့်များကို စုဆောင်းရုံသာမက အင်ပါယာကို တပည့်ခံလိုသည့် လူများထဲတွင် တခြား အရည်အချင်းများ ရှိသည်ဆိုလျှင်လည်း အကြီးအကဲများမှ အကဲဖြတ်ပေးပြီးမှ ဂိုဏ်းထဲသို့ ဝင်ခွင့်ရနိုင်သေးသည်။

၎င်းမှာ လီထျန်းချီနှင့် ဝူယွမ်ဖေးအတွက် အတော်လေးအဆင်ပြေပေသည်။

သူတို့သည် ကျောက်ဟန်ကဲ့သို့ အားကောင်းသော ကျင့်ကြံခြင်းခွန်အားလည်း ရှိမနေခဲ့ပေ။

သူတို့နှစ်ဦးတွင် သူတို့၏ ပါရမီဟုပြောလို့ရသည့် ကိုယ်ပိုင်အားသာချက်များသာ ရှိကြပေသည်။ လျှို့ဝှက်အစွန်အဖျားဂိုဏ်းမှာ ကျင့်ကြံခြင်းအဆင့် တစ်ခုတည်းကိုကြည့်ပြီး တပည့်လက်ခံနေလျှင် သူတို့၏ ကျင့်ကြံခြင်းအဆင့်နှင့် သူတို့မှာ အင်ပါယာ၏ တပည့်ဖြစ်ရန်မဆိုထားနှင့် လျှိုံဝှက်အစွန်အဖျားဂိုဏ်းသို့ပင် ဝင်ခွင့်ရဖို့ မသေချာပေ။

“အခု ဖြေရှင်းရမယ့် ပြဿနာတချို့ရှိတယ်... ဥပမာပြောရရင် ငါတို့ လျှို့ဝှက်အစွန်အဖျားဂိုဏ်းအင်ပါယာရဲ့အနားကို ဘယ်လိုကပ်နိုင်မလဲ...”

ဝူယွမ်ဖေး အနည်းငယ် စိတ်ပူနေခဲံ့သည်။

အမှန်တကယ်လည်း လျှို့ဝှက်အစွန်အဖျားဂိုဏ်းအင်ပါယာမှာ ဤတပည့် စုဆောင်းရေး အခမ်းအနားမှာ တပည့်များခေါ်ယူမည်ဟု မကြေညာထားခဲ့ပေ။

“အင်ပါယာက တပည့်တစ်ဦးကိုပဲ ခေါ်ဆောင်ချင်တယ်ဆိုရင်.... ငါတို့က သုံးယောက်ဖြစ်နေတယ်....”

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now