82

629 55 0
                                    

အခန်း 82- ဟဲရှုရှင်း၏ တာအိုဝါဒဟောပြောပွဲ

အခြားသော သွေးပြုပြင်ခြင်းနယ်ပယ် ကျင့်ကြံသူ အပေါင်းမှာ တူညီသော သဘောထားကို ထုတ်ဖော်ပြသခဲ့ကြသည်။

ထိုအခါ ကျန်းရှောင်မှ -
"အဲဒီလိုဆိုမှတော့ ငါမယုံတဲ့အတွက် ငါမလာဘူး... ဒါပေမယ့် မင်းတို့အားလုံးရဲ့ သဘောအတိုင်း ငါလိုက်နာပေးမယ်... ငါ ​တောင်​ပေါ်​က​နေ အခုချက်​ချင်း​ဆင်း​ပြီး မြို့​တံခါး​မှာ ကြေညာစာကပ်ထား​​လိုက်​မယ်။”

"ဟုတ်တယ် ငါလည်းမလာဘူး..." ရှုလင်မှလည်း လိုက်ပြော၏။

“ကောင်းပြီ ကောင်းပြီ... မနက်ဖြန်ညမှပဲ... အခုက အစောကြီး ရှိသေးတာပဲ... ဘယ်သူတွေ သွားမှာလဲ...!" အခြား ကျင့်ကြံသူများမှာ သွားရန်သာ ချက်ချင်း သဘောတူခဲ့လိုက်ကြသည်။

လီမျိုးရိုးအမည်ဖြင့် သွေးပြုပြင်ခြင်းအဆင့် ကျင့်ကြံသူကလည်း ခေါင်းညိတ်လိုက်ကာ -
"ဟုတ်တယ်... ကိုယ့်ဟာကိုယ် အိမ်မှာ ကျင့်ကြံနေတာပဲ ပိုကောင်းတယ်... ငါမလိုက်ဘူး..."

...

ရှန်းမိသားစုခြံဝန်းအတွင်း ချီသိုလှောင်ခြင်းနယ်ပယ်ကျင့်ကြံသူ အနည်းငယ်သည် ကိုယ်ခံပညာများကို လေ့ကျင့်နေလျှက်ရှိပြီး ချီသိုလှောင်ခြင်းနယ်ပယ်အမြင့်ဆုံးအဆင့်မှ ကျင့်ကြံသူတစ်ဦးက သူတို့ကို ဦးဆောင်ညွှန်ကြားနေလေသည်။

"အဘိုး.... အဖေ... အစ်ကိုကြီး... သတင်းကောင်း... သတင်းကောင်း ရှိတယ်...."

ဆယ့်ခုနစ်နှစ်, ဆယ့်ရှစ်နှစ်အရွယ်ခန့် ကောင်လေးတစ်ယောက်သည် အဝေးမှကတည်းက အော်ဟစ်ကာ ပြေးလာနေခဲ့သည်။

ချီသိုလှောင်ခြင်းနယ်ပယ် အထွတ်အထိပ်မှ ကျင့်ကြံသူမှာ သူ့အားမြင်လျှင် အေးစက်သည့်မျက်နှာထားနှင့် -
“ရှန်းခိုင်... ငါသင်ပေးထားခဲ့တဲ့ ကျင့်ကြံသူတစ်ယောက်ရဲ့ တည်ငြိမ်မှုနဲ့ ငြိမ်းအေးမှုက ဘယ်မှာလဲ...”

ရှန်းခိုင် ရှန်းမင်၏ ရှေ့သို့ ရောက်မှ အမောတ‌ကော ပြောလိုက်လေသည် ။

“အဖေ... ဒါက တကယ့်ကို သတင်းကောင်းပဲ။ မြို့တံခါးမှာ ကြော်ညာစာ ကပ်ထားတယ်...”

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now