12

969 83 2
                                    

ငါ့တပည့်တွေရူးနေကြပြီ
အခန်း ၁၂- တပည့်သစ်သတင်း

ရက်အနည်းငယ်ကြာပြီးနောက် ရီချန်းဂျီသည် မီးသစ်တောတောင်ထိပ်တွင် ရပ်ကာ သူ့ရှေ့မှ တိမ်များကို စိုက်ကြည့်နေသည်။

"စနစ်... စစ်ဆေးပါ...!"

"ဂုဏ်ယူပါတယ် ပိုင်ရှင်။ သင် ကျင့်ကြံခြင်းနှစ်ပေါင်း 400 ရှိပါပြီ...!"

"ဂုဏ်ယူပါတယ် ပိုင်ရှင်... နတ်ဘုရားလူဝင်စားခြင်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်ကို ရရှိထားပါတယ်... စစ်ဆေးကြည့်ချင်ပါသလား။"

မထင်မှတ်ပဲ နောက်ထပ် အံ့အားသင့်စရာတစ်ခု ကြားလိုက်ရသည်။
"စစ်ဆေးပါ။"

"နတ်ဘုရားပစ္စည်း ကောင်းကင်ကြယ်ကြေးမုံမှ လူဝင်စားခြင်း ဖြစ်သည်... ယခင်က နတ်ဘုရားပစ္စည်းသည် အသိစိတ်အာရုံ ရရှိခံစားလာခဲ့သည်။ ၎င်းမှာ လန်ယုယင် ဟူသောအမည်ဖြင့် မျိုးဆက်တစ်ခု၏ဧကရီဖြစ်လာကာ ကောင်းကင်ကြယ် နတ်ဘုရားမင်းဆက်ကို ထူထောင်ခဲ့သည်။ ကပ်ဘေးတစ်ခု ခံစားခဲ့ရပြီးနောက်တွင် ပြန်လည်ကျန်းမာလာစေရန် ကောင်းကင်ကြယ်ကြေးမုံအဖြစ်သို့ ပြန်လည် ဖွဲ့စည်းခဲ့သည်။"

"ယခုအခါ သူ့မှာ လုံလောက်တဲ့ စွမ်းအင်တွေ ပြန်လည်ရရှိလာခဲ့ပြီ ဖြစ်ပြီး သေမျိုးကမ္ဘာထဲကို တစ်ဖန်ပြန်ဆင်းလာခဲ့ပါပြီ။"

ရှင်းပြချက်ကိုကြားလိုက်လျှင် ရီချန်းဂျီမှာ တိတ်တဆိတ် ရယ်မောမိလိုက်သည်။

ရည်ရွယ်ချက်မှာ ရှင်းနေပြီ ဖြစ်သည်။ နောက်ထပ် တပည့်ကောင်း တစ်ယောက်ကို ခေါ်ယူဖို့ စနစ်ကြိုးစားနေပြီ မဟုတ်ပါလော။ ၎င်းမှာ လုပ်ရိုးလုပ်စဉ် လမ်းဟောင်းကြီးတစ်ခုပင် ဖြစ်နေပြီ ဖြစ်သည်။

ထို့ကြောင့် သူလည်း လီရှီရီကို ခေါ်လိုက်ပြီး
"ငါခရီးထွက်ဖို့ လိုတယ် လို့ ခံစားနေရတယ်... ငါ ခရီးထွက်နေတုန်း မင်း တောင်ပေါ်မှာ ဝါးအိမ်လေးတစ်လုံး ကြိုဆောက်ပေးထားလိုက်ဦး..."

"ဆရာ ဒီမှာ လာနေချင်တဲ့ တခြားသူရှိသေးတာလား... တခြား ဘာလိုအပ်တာ ရှိပါသေးလဲဆရာ..."

"မွေးကင်းစ မိန်းကလေးပဲ ဖြစ်လိမ့်မယ်။ သူ့မိသားစုက ခဏခဏ ဒီကို လိုက်လိုက်လာမှာကို စိုးရိမ်ရတယ်...။ နည်းနည်းကျယ်ကျယ်ဝန်းဝန်းလေး ဆောက်ထားလိုက်...။"

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now