43

719 68 0
                                    

အခန်း 43- အင်ပါယာတစ်ပါး မွေးဖွားခြင်း

အချိန်များ ကုန်လွန်သွား၏။ ဤအခြေအနေ၏ကြာချိန်သည် လူတိုင်း၏ မျှော်လင့်ချက်ထက် ကျော်လွန် နေခဲ့ပြီ ဖြစ်သည်။

နှစ်နှစ်ရှိသွားလေပြီ။

ယခုအချိန်အထိ ထူးဆန်းသော ဖြစ်စဉ်များစွာလည်း ပေါ်လာခဲ့ပြီး ဖြစ်လေသည်။

လူသားများသည် ဤလျှို့ဝှက်ဆန်းကြယ်သော အင်ပါယာတစ်ပိုင်း ပုဂ္ဂိုလ်ကို ယုံကြည်စိတ်ချမှု အပြည့်ရှိနေကြပြီ ဖြစ်သည်။

သို့သော်လည်း ယခင်ကတည်းက သူ့ကို အထင်ကြီးခြင်းမရှိခဲ့သော ပညာရှင်များမှာ ယခုမူ ပို၍ပင် ယုံကြည်မှု မရှိခဲ့ကြတော့ပေ။

ယခုကဲ့သို့ ဖြစ်ရပ်မျိုး သမိုင်းတစ်လျှောက် တစ်ခါမှ မဖြစ်ခဲ့ဖူးပေ။

တစ်စုံတစ်ယောက်သည် အမှန်တကယ်ပင် အင်ပါယာနယ်ပယ်သို့ နှစ်နှစ်ကြာအောင် ဖြတ်ကျော်နေခဲ့ရသည်။

မှတ်တမ်းများအရ အင်ပါယာနယ်ပယ်ကို တစ်စုံတစ်ယောက်က ဖြတ်ကျော်ရန် ကြိုးစားလျှင် အခြေအနေနှစ်ခုသာ ကြုံတွေ့ရတတ်သည်။

တစ်စုံတစ်ယောက်သည် အတွေ့အကြုံများစွာ စုဆောင်းထားပြီး လုံလောက်သည့် စွမ်းအင်များနှင့် ပြည့်စုံလျှင်  ရက်အနည်းငယ်အတွင်း အင်ပါယာနယ်ပယ်ကို ဖြတ်ကျော်အောင်မြင်နိုင်မည် ဖြစ်သည်။

သို့မဟုတ် သူ ဖြတ်ကျော်ရန် ကြိုးစားသည့် အချိန်တွင် အကြောင်းအမျိုးမျိုးကြောင့် အလျင်အမြန် ကျရှုံးရခြင်း ဖြစ်သည်။ မကြာခင်က ကျရှုံးခဲ့သည် အင်ပါယာတစ်ပိုင်း သုံးပါးလိုဖြစ်သည်။

ယခုကဲ့သို့ အင်ပါယာဖြစ်ရန် အချိန်အတော်ကြာအောင် စဉ်ဆက်မပြတ် ကြိုးစားအားထုတ် နေခဲ့ရသည့် ဖြစ်ရပ်မျိုးကိုမူ မည်သူမျှ မကြုံတွေ့ခဲ့ရဖူးပေ။

တစ်ဖက်တွင်လည်း လျှို့ဝှက်အစွန်အဖျားဂိုဏ်း လက်အောက်ရှိ လွင့်မျောမြို့တော် သည် ပို၍ပို၍ ကြွယ်ဝလာသည်။

အကြောင်းမှာ ခရီးသွားဟန်လွဲရောက်ရှိလာကြသော ပညာရှင်များ ပိုများလာသဖြင့် ဖြစိသည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now