57

685 60 0
                                    

အခန်း 57 - မြင့်မြတ်နယ်မြေများစုရုံးခြင်း။

ပန်းဝါတောင်။

ရီချန်းဂျီသည် ထိုနေရာ၌ အနည်းငယ်ထူးဆန်းမှုတို့ကို တွေ့ရှိခဲ့ရသည်။

အစက ၎င်းမှာ သာမန်တောင်တန်းတစ်ခုမျှသာဖြစ်ပြီး နာမည်ကြီးခြင်းလည်းမရှိပေ။

လျှို့ဝှက်အစွန်အဖျားဂိုဏ်း၏ စုံစမ်းစစ်ဆေးမှုများအရ ဤနေရာသည် တစ်ချိန်က အင်အားကြီးမားသော မြင့်မြတ်နယ်မြေ ဂိုဏ်းတစ်ခု၏ တည်နေရာဖြစ်ခဲ့ဖူးသည်။

ဒဏ္ဍာရီများအရ ထိုဂိုဏ်းသည် ကောင်းကင်ဘုံလူသားကမ္ဘာကြီးတစ်ခုလုံးတွင် နံပါတ်တစ် အင်ပါယာအဆင့် တည်ရှိမှုကို မွေးဖွားပေးခဲ့ဖူးသည်။

မရေမတွက်နိုင်အောင် နှစ်ပေါင်းများစွာကြာပြီးနောက် ထိုဂိုဏ်းသည် အချိန်မြစ်ရေစီးတွင် ပျောက်ကွယ်သွားခဲ့လေပြီဖြစိသည်။

ယခုအချိန်တွင်တော့ နာမည်တောင် စုံစမ်းလို့မရနိုင်တော့ပေ။

သို့သော် ထိုနေရာသို့ ရောက်သောအခါ ရီချန်းဂျီသည် တောင်၏မြေအောက်၌ ရှေးကျသော အစီအရင်တစ်ခု ရှိနေသည်ကို တွေ့ရှိလိုက်ရသည်။

သူရောက်လာချိန်တွင် ထိုမြေအောက်၌ လူများစွာရောက်ရှိနေကြပြီး သူတို့ဘာလုပ်နေကြသည်ကို မည်သူမျှ မသိကြပေ။

"ဘာလဲဟ... ပျောက်ကွယ်နေတာကြာပြီဆိုတဲ့ ဂိုဏ်းက အမွေဆက်ခံသူတွေများ ပြန်ပေါ်ပေါက်လာတာများလား..."

စူးစမ်းချင်စိတ်ပြင်းပြစွာဖြင့် ရီချန်းဂျီလည်း သူ့ရုပ်သွင်ကို ဖုံးကွယ်ကာ ခိုးကြောင်ခိုးဝှက်နှင့် အခြေအနေကို ကြည့်ရှုရန် ဆင်းလာခဲ့လိုက်သည်။

လက်ရှိ သူ့ကျင့်ကြံဆင့်နှင့်ဆိုလျှင် မည်သည့်စည်းမျဥ်းစည်းကမ်းများကိုမဆို ဂရုစိုက်နေစရာမလိုပဲ ကြိုက်သလို လုပ်နိုင်သည်ဟု ယူဆနိုင်သည်။

ရီချန်းဂျီလည်း ရုပ်ဖျက်ကာ မြေကမ္ဘာလွတ်မြောက်ခြင်းကျင့်စဥ်ကို အသုံးပြုပြီး မြေအောက်ခိုးဝင်ခဲ့လိုက်သည်။

မြေအောက်သို့ရောက်လာသည်တွင် ထိုနေရာ၌ လူများ ဖြတ်သန်းသွားလာနိုင်သည့် မရေမတွက်နိုင်သော မြေအောက် ဥမင်လိုဏ်ခေါင်းများ ရှိနေသည်ကို တွေ့ခဲ့ရလေသည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now