103

597 39 0
                                    

အခန်း 103- မြင့်မြတ်နယ်မြေများလက်နက်ချခြင်း

ကောင်းကင်အမွေအနှစ်မျှော်စင်သခင်မှာ ကျင်းပလက်စ အစည်းအဝေးကို ဆက်လက်ကျင်းပခဲ့သည်။

"ဒါဆို ကျုပ်တို့ အခုဘာဆက်လုပ်မှာလဲ..."

“လောလောဆယ် အခြေအနေကို ငြိမ်နေအောင် ထိန်းထားတာပဲ ကောင်းမယ်... အစီအရင်ကို ပြင်ဆင်ပြီးမှပဲ ကျုပ်တို့ လက်စားချေနိုင်မှာပေါ့...”

“အခြေအနေကို ဘယ်လိုတည်ငြိမ်အောင် လုပ်ရမလဲ... ယိရှန်းဂိုဏ်းက ပါသွားပြီ...”

မျှော်လင့်ချက်ကို မြင်နေကြရသော်လည်း မြင့်မြတ်နယ်မြေသခင်များသည် မည်သို့မည်ပုံလုပ်ဆောင်ရမည်နှင့်ပတ်သက်၍ ခေါင်းကိုက်နေသေးသည်။

"သူ့တောင်းဆိုထားတာတွေကို ကျုပ်တို့ အရင် သဘောတူလိုက်မယ်... သူလိုအပ်တဲ့ပစ္စည်းတွေကို နည်းနည်းလောက်ပေးထားလိုက်မယ်..."

ပင်လယ်သခင်မှ ပြောလိုက်သည်။

"ဘာလဲ... ခင်ဗျား ရူးနေတာလား,,, ဒီအရာတွေက ဘယ်လောက်တန်ဖိုးကြီးလဲ ခင်ဗျား သိလား..."

"အဲဒါတော့ မဖြစ်နိုင်ဘူး...! ကျုပ်တို့ မြင့်မြတ်နယ်မြေက နှစ်တွေအကြာကြီး ဖြတ်သန်းခဲ့ပြီးမှ ဂိုဏ်းအတွက် ဒီလောက် အရင်းအမြစ်လေးကို စုဆောင်းနိုင်ခဲ့တာ... အဲဒါတွေကို ဘယ်လို လွယ်လွယ်နဲ့ စွန့်လွှတ်နိုင်မှာလဲ..”

“အဲဒီပစ္စည်းတွေကို ပါရမီပါတဲ့သူအပေါ်မှာ အသုံးပြုရင် ကျုပ်တို့ရဲ့ မြင့်မြတ်နယ်မြေကလည်း အင်ပါယာတစ်ပါးကို မွေးထုတ်ပေးနိုင်တယ်... ဒီလို အဖိုးတန်ပစ္စည်းတွေကို သူ့ဆီ ဘယ်လိုအလကားပေးရမလဲ...”

"လီယွမ်ယင်... မင်း ရူးနေတာလား... မင်းက အစကတည်းက ကန့်ကွက်နေတဲ့သူပဲ...."

မြင့်မြတ်နယ်မြေသခင်များ၏ စိတ်လှုပ်ရှားစွာပြောဆိုသံများကြားတွင် ကောင်းကင်ဘုံမျှော်စင်၏သခင်မှာ လီယွမ်ယင် ၏ဘေးတွင်ဝင်ရပ်လိုက်၏။

“ဒါက အဖြေတစ်ခု ဖြစ်နိုင်တယ်လို့ ကျုပ်ထင်တယ်... အားလုံးပဲ စိတ်မလောကြပါနဲ့... ကျုပ်ရှင်းပြတာကို နားထောင်ကြပါ..."

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now