188

517 28 1
                                    

အခန်း 188- ကြယ်စင်စုမြို့တော်

အားဟူသည် သင်္ဘောအပြင်ဘက်တွင် တောက်ပလင်းလက်နေသည့် မိုးကြိုးလျှပ်စီးများကို သတိလက်လွတ် စိုက်ကြည့်နေမိသည်။ ပထမဆုံး လျှပ်စီးကြောင်း ကျရောက်လာစဥ်က သူ့မှာ သေလုမျောပါးမျှ ကြောက်လန့်သွားခဲ့ရသည်။

ထိုကဲ့သို့ ကြီးမားသည့် မိုးကြိုးကြီး သူ့ကို တိုက်ရိုက် ထိလိုက်လျှင် ပြာများပင် မကျန်ခဲ့လောက်ပေ။

နောက်ပိုင်း မိုးကြိုးပေါင်းထောင်သောင်းချီကာ သင်္ဘောကို ရိုက်ခတ်နေသည်ကို မြင်သည်တွင်တော့ သတိပင်လွတ်သွားတော့သည်။

ထောင်နှင့်ချီသော မိုးကြိုးများသည် တိမ်များ၏ နေရာတိုင်းမှ ထွက်ပေါ်လာနေပြီး သင်္ဘောပျံကို အရူးအမူး လိုက်ပါပစ်ခတ်နေ၏။

အချိန်တစ်ခဏကြာပြီးသည့်နောက်တွင်မှ သူ့အသိစိတ်မှာ ပြန်ဝင်လာ‌တော့သည်။

ယောင်ယမ်းကာ သူ့မျက်နှာကို ထိကြည့်လိုက်သည်။ သူ အသက်ရှင်နေသေးပေသည်။

သူတကယ် အသက်ရှင်နေသေးပေသည်....!

၎င်းမှာ သူ့ဘဝတစ်လျှောက် မြင်ဖူးသမျှထဲတွင် အခမ်းနားဆုံးအရာပင် ဖြစ်သည်။

ဤထူးဆန်းသော ကမ္ဘာခြားလူကြီးမှာ အလွန်အမင်း အံ့သြဖို့ ကောင်းလှ၏။

ယခုအချိန်တွင် ဒူးထောက်၍ ရှိခိုးရန်ပင် သူ ဆန္ဒရှိနေသည်။ သူ တကယ် ထီပေါက်သွားခဲ့လေပြီ။

“အားဟူ....”

သင်္ဘောပျံ၏ အရှေ့ပိုင်းမှ အသံထွက်လာ၏။ အားဟူမှာ တဆတ်ဆတ်တုန်ယင်နေရင်းမှ ပြန်ထူးလိုက်၏။ “ဟုတ်ကဲ့... ကျွန်တော် ဒီမှာရှိပါတယ်...”

"မင်း ကျင့်ကြံနေတဲ့ နတ်ဆိုးကျင့်စဥ်ကို ပြပါဦး..."

ထိုစကားကိုကြားလျှင် အားဟူတစ်ယောက် အလွန်ဝမ်းသာသွား၏။ စီနီယာ၏ စကားများမှာ သူ့အား လမ်းညွှန်ပေးလိုသည်ဟူသော အဓိပ္ပာယ်သက်ရောက်နေသည် မဟုတ်တုံ့လော။

“ကောင်းပါပြီ...!”

သူခံစားနေရသည့် စိတ်လှုပ်ရှားမှုကို မျိုသိပ်ပြီး နတ်ဆိုးအူတိုင်ကို ထုတ်ယူကာ လက်နှစ်ဖက်ဖြင့် ရီချန်းဂျီထံ ကမ်းပေးလိုက်သည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now