93

648 42 0
                                    

အခန်း 93-  ကောင်းကင် အမွေအနှစ်မျှော်စင်သခင်

ဘိုးဘေး ဂူဗိမာန်တစ်ခုလုံး တုန်လှုပ်သွားလေသည်။

ရာနှင့်ချီသော အုတ်ဂူများအပေါ်တွင် အပြောင်းအလဲများ ဖြစ်ပေါ်လာ၏။

ရီချန်းဂျီ သူ့လက်ကို မြှောက်လိုက်ပြီး အပြောင်းအလဲအားလုံးကို ရပ်တန့်ထားလိုက်သည်။

“ဒီဂျူနီယာက အကြီးအကဲတွေကို လာရောက်နှုတ်ဆက်တာပဲရှိတာပါ... အကြီးအကဲတို့အားလုံး ကြိုးကြိုးစားစား ထနေစရာ မလိုပါဘူး..."

“ကျုပ်ရဲ့ ကောင်းကင်ဥမင်က ဝိညာဉ်စွမ်းအင်အနှစ်သာရတွေ အများကြီး ကြွယ်ဝပါတယ်.... ဒါက အကြီးအကဲတွေအတွက် သေချာပေါက် အထောက်အကူဖြစ်မှာပါ...”

ထို့နောက် ဒင်ရှင်းပိုအား ခေါင်းညိတ်ပြလိုက်ကာ ရီချန်းဂျီ ပျောက်ကွယ်သွားလေသည်။

ထိုနေရာတွင် ထိတ်လန့်တုန်လှုပ်နေကြသော ဘိုးဘေးများသာ ကျန်နေရစ်တော့သည်။

“ဒီ... ဥမင်... ကောင်းကင်ဂူ... ဟုတ်လား.... အဲဒါ ဘာလဲ... ဘယ်လို ဝိညာဉ်နယ်မြေမို့လို့လဲ... ဘာလို့ ဒီလောက် ထူထပ်တဲ့ စိတ်ဝိညာဉ်ချီတွေ ရှိနေတာလဲ....”

ဘိုးဘေးအချို့မှာ သူတို့ကိုယ်သူတို့ ရေရွတ်နေမိကြလေသည်။

"အလယ်ပိုင်းဒေသရဲ့ မြင့်မြတ်နယ်မြေတချို့မှာ... ဥပမာ ကောင်းကင်တာအိုကျောင်းတော်ရဲ့ စာအုပ်တောင်တန်းလိုမျိုး ဂိုဏ်းတွေရဲ့ လျှို့ဝှက်နယ်မြေဖြစ်လာတဲ့ ထူးဆန်းတဲ့နေရာလေးတွေရှိတယ်လို့ ငါကြားဖူးတယ်...."

“ဒါပေမယ့်... ဒီလှိုဏ်ဂူက လျှို့ဝှက်နယ်မြေထက် အများကြီး ပိုအားကောင်းတယ်လို့ ငါ ခံစားမိနေတယ်...”

“ဒါကတော့ သေချာတယ်... အင်ပါယာတစ်ပါး ဖန်တီးထားတဲ့နယ်မြေက မြင့်မြတ်နယ်မြေတွေလို့ သူတို့ကိုယ်သူတို့ ခေါ်တဲ့နေရာကနယ်မြေတွေထက် ဘယ်လိုအားနည်းနိုင်မှာလဲ..."

အကြီးအကဲအချို့ပြန်လည်၍စကားများလာကြပြန်သည်။

"အမ်... အကြီးအကဲတို့ ခုနက ပြောလိုက်တဲံ့စာအုပ်တောင်တန်းလျှို့ဝှက်နယ်မြေက အင်ပါယာကြောင့် ပျက်ဆီးလုနီးပါး ဖြစ်ခဲ့ရသေးတယ်..."

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now