98

620 41 0
                                    

အခန်း 98- ဝင်္ကပါတာအိုဘုရားကျောင်းနှင့် ကောင်းကင်အမွေအနှစ် မျှော်စင်တို့၏ သဘောထားကွဲလွဲမှုများ

သတင်းဖြန့်ခိုင်းပြီးနောက် ရီချန်းဂျီသည် လုပ်ဆောင်ရမည့် အစီအရင်ဝင်္ကပါများကို ဆက်လက်ပြင်ဆင်နေခဲ့သည်။

ဝင်္ကပါ၏ အူတိုင်အတွက် အဓိကပစ္စည်းများဖြစ်သည့် ဟင်းလင်းပြင်ကြာပန်းစေ့များ ရရှိထားသည့်အတွက် ပထမအူတိုင်ကို သန့်စင်ရန် ကြိုးစားကြည့်လိုနေပေသည်။

...

အသင်္ချေပန်းကမ္ဘာတွင် ကောင်းကင်ရေလကြေးမုံသည် လူအများနှင့် စည်ကားနေလျှက်ရှိသည်။

လက်နက်သန့်စင်သူပန်းပဲပညာရှင်များနှင့် ဝင်္ကပါသခင်များ အများအပြားသည် အင်ပါယာ၏ ပုံရိပ်မပေါ်လာသဖြင့် သူတို့ဟာသူတို့ အစုအစုလိုက် သူတို့ရရှိထားသည့် ဗဟုသုတအသစ်များအား ဆွေးနွေးရင်း ဆူညံနေကြသည်။

ဝူယွမ်ဖေးမှာတော့ သူရရှိထားသည့်အရာများကိုသာ လေ့လာရန် အာရုံစိုက်နေဆဲဖြစ်သည်။

သူ့စိတ်ထဲတွင်တော့ ရေတံခွန်ထဲမှ ပုံရိပ်မှာ သူ့ဆရာပင်ဖြစ်သည်။

သူတို့အကြားတွင် ဆရာနှင့် တပည့်ဟု တိတိကျကျ မသတ်မှတ်ရသေးသော်လည်း အခြေအနေမှာ ဆရာနှင့်တပည့်ဆက်ဆံရေးကဲ့သို့ပင် ဖြစ်နေပြီ ဖြစ်သည်။

" အသင်္ချေပန်းကမ္ဘာရဲ့ တောင်ဝင်ရိုးစွန်းကအပေါက်ကြီးကို အောင်အောင်မြင်မြင် ပြုပြင်ပြီးရင် ကမ္ဘာကြီးနှစ်ခုကြားကို ဖြတ်ကျော်ဖို့ နည်းလမ်းရှာပြီး သူ့တပည့်ဖြစ်ဖို့အတွက် ငါကြိုးစားမယ်...!"

သူ့စိတ်ထဲတွင် ထိုသန္နိဌာန်အား ချမှတ်ပြီးနောက် ဝူယွမ်ဖေးသည် ဝင်္ကပါပညာရပ်များတွင်သာ စိတ်နှစ်ကာ စိတ်အားထက်သန်စွာ လေ့လာနေခဲ့သည်။

...

ရီချန်းဂျီသည် ကောင်းကင်ဘုံလူသားကမ္ဘာမှ ပစ္စည်းများကို စုဆောင်းပြီး ကောင်းကင်ကပ်ဘေးကြီးကို လူသိရှင်ကြား ထုတ်ဖော်လိုသည်။

ထို့ကြောင့် ရီချန်းဂျီသည် ကောင်းကင်အမွေအနှစ်မျှော်စင်မှလူများ ကောင်းကင်အမွေအနှစ်နာရီစင်အားအသုံးပြုကာ သူ့အား စောင့်ကြည့်ထောက်လှမ်းနေခြင်းကို မဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်။ ထိုအစား ကောင်းကင်အမွေအနှစ်မျှော်စင်မှလူများကို သူ ဖန်တီးပြုပြင်မွမ်းမံနေသည်ကို စောင့်ကြည့်လေ့လာရန် တမင်ပင် ခွင့်ပြုခဲ့သည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now