90

615 51 0
                                    

အခန်း 90- လွတ်မြောက်ခြင်း

“ဒီကမ္ဘာမှာ အသန်မာဆုံးအင်ပါယာ ပြန်လည် မွေးဖွားလာခဲ့မယ်လို့ ငါမထင်ထားဘူး။ ကောင်းကင်ဘုံလူသားကမ္ဘာကြီးရဲ့ ကံကြမ္မာက သတ်မှတ်ထားတဲ့ပုံပဲ...”

အင်ပါယာ ကျူးလုမှ ကောင်းကင်ကြယ်အင်ပါယာသည် အားအကောင်းဆုံးအင်ပါယာ ဖြစ်ကြောင်း ဝန်ခံမည်ဟု ရီချန်းဂျီ မမျှော်လင့်ခဲ့ပေ။

"ကောင်းကင်ကြယ်အင်ပါယာ တကယ်ပဲ အားအကောင်းဆုံးအင်ပါယာလို့ ခင်ဗျားတို့အားလုံးက သူမကို အသိအမှတ်ပြုထားကြတာလား...”

"ဟုတ်တယ်..... ငါတို့သိရသလောက် ကောင်းကင်ကြယ်အင်ပါယာက ငါတို့ထဲမှာ အကြီးမားဆုံးအောင်မြင်မှုတွေ ရခဲ့တဲ့သူပဲ... သူမက အင်ပါယာအဆင့်ကို ကျော်လွန် ရောက်ရှိနိုင်ခဲ့တဲ့သူ အနည်းငယ်ထဲက တစ်ဦးပဲ..."

ရီချန်းဂျီ ယုထျန်ရှင်း၏ အလားအလာကို နားလည်ထားသဖြင့် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

သူ ချီဟွမ်းမျိုးနွယ်စုမှ လူများကို တစ်ချက်လှည့်ကြည့်လိုက်သည်။

“အရေးကြီးဆုံးကိစ္စတွေကိုတော့ ပြောပြီးပြီ... အခုတော့ ချီဟွမ်းမျိုးနွယ်စုရဲ့ အခြေအနေအကြောင်း ဆွေးနွေးကြတာပေါ့...”

“ဒါက ဇာတ်လမ်းရှည်ကြီးပဲ... ငါ အတိအကျရှင်းပြမယ်..."

ထို့နောက် အင်ပါယာ ကျူးလု သည် ချီဟွမ်း မျိုးနွယ်စုအား အဘယ်ကြောင့် မြေအောက်တွင်အကျဥ်းချထားရသည်ကို ရီချန်းဂျီ အား ရှင်းပြခဲ့သည်။

ဤ မျိုးနွယ်စုမှလူများသည် ကောင်းကင်နှင့် မြေကြီးမှ သဘာဝအတိုင်း မွေးဖွားလာသည့် ထူးခြားသော မျိုးနွယ်ဖြစ်သည်။

၎င်းတို့အား လူသားမျိုးနွယ်၏ မျိုးနွယ်ခွဲအဖြစ်လည်း ယူဆကြသည်။

သို့သော် လူသားမျိုးနွယ်နှင့်မတူဘဲ ချီဟွမ်းမျိုးနွယ်သည် သေခြင်းအော်ရာကို မွတ်သိပ်မှုဖြင့် မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။

သူတို့သည် သတ်ဖြတ်ခြင်းလမ်းစဉ်ကို လျှောက်လှမ်းခြင်း၊ သေခြင်းတရားကို စုဆောင်းခြင်း၊ သေခြင်းအရှိန်အဝါအော်ရာနှင့် ဝိဉာဉ်တစ္ဆေအော်ရာကိုကျင့်ကြံခြင်းလမ်းစဥ်တို့အား လျှောက်လှမ်းခြင်းတို့တွင် အလွန်အမင်း ပါရမီပါကြလေသည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now