138

527 41 0
                                    

အခန်း 138-ကမ္ဘာကြီး၏ပြောင်းလဲခြင်း

ဝမ်ပိုင်လီမှာ ငလျင်ကို တွေးလိုက်မိပြီး သူ့မျက်နှာသည် ဖျော့တော့သွား၏။

“ငလျင်လှုပ်တာကလည်း ကပ်ဘေးကြီးဖြစ်နိုင်တယ်လား... ဒီတစ်ကြိမ် ကပ်ဘေးက ကောင်းကင်ကလာတာမဟုတ်ပဲ ပင်လယ်ကလာတာလား...”

သူ့စကားကြားလျှင် ရှုထျန်လည်းကြောက်ရွံ့တုန်လှုပ်သွား၏။

လူတိုင်းမှာ ကောင်းကင်မှ ကျလာသည့် ဥက္ကာခဲများကိုသာ မြင်ဖူးကြသဖြင့် ကောင်းကင်ကပ်ဘေးအား ကောင်းကင်မှသာလာမည်ဟု မှတ်ယူထားခဲ့ကြသည်။

အရှေ့ဘက်ဒေသနှင့် ဝေးကွာလွန်းသော အနောက်သမုဒ္ဒရာတွင် အလားတူဖြစ်ရပ်မျိုး ကြုံခဲ့ရပြီး လျှို့ဝှက်အစွန်အဖျားဂိုဏ်း အင်ပါယာသာ သူတို့အား လာရောက်ကယ်တင်ရန် အချိန်မမှီခဲ့လျှင် မည်သို့ဖြစ်မည်နည်း။

အရှေ့ပိုင်းဒေသ၊ တောင်ပိုင်းဒေသ၊ အလယ်ပိုင်းဒေသနှင့် မြောက်ပိုင်းဒေသများတွင်လည်း အလားတူဖြစ်ရပ်မျိုး ဖြစ်ပွားနေခဲ့လေသည်။

ကောင်းကင်အမွေအနှစ်မျှော်စင်ဖြစ်စေ, ဝမ်ရှင်းတာအိုဂိုဏ်းဖြစ်စေ, ပင်လယ်ဘုရားကျောင်းဖြစ်စေ.....

ထိုမြင့်မြတ်နယ်မြေများမှာ မည်သည့်သတင်းကိုမျှ မရရှိခဲ့ပေ။

သူတို့မှာ ရီချန်းဂျီအား ဆန့်ကျင်ရန် အခုအချိန်တွင် ဘာကိုမှ မစီစဉ်နိုင်သေးပေ။

ဂိုဏ်းအသီးသီးမှ ကပ်ဘေးဖြတ်ကျော်ခြင်း နယ်ပယ်မှ ကျွမ်းကျင်သူ အများအပြားသည် သူတို့ဂိုဏ်းများမှ အကြောင်းပြချက်မရှိပဲ ထွက်ခွာသွားကြသည်။

၎င်းတို့သည် ၎င်းတို့၏ အရေးကြီးသော ဂူပိုးကောင်များနှင့် ဝိညာဉ်သားရဲများကိုယူကာ ကောင်းကင်ထက်သို့ အပြေးအလွှား ပျံသန်းသွားကြသည်။

ထိုအချိန်တွင် ရီချန်းဂျီ က ပြုံးနေလေသည်။

"မျှော်လင့်ထားတဲ့အတိုင်းပဲ.... ကောင်းကင်ဘုံလူသားကမ္ဘာရဲ့ကောင်းကင်နဲ့ ဂိုဏ်း‌‌တွေထဲမှာ အခြားအရာတွေက သူလျှိုတွေအဖြစ် ရှိနေသေးတယ်..."

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now