88

627 43 0
                                    

အခန်း 88: အင်ပါယာတစ်ပိုင်းအဆင့်

“နှစ်ပေါင်း သောင်းနဲ့ချီပြီး ဒီနေ့ကို စောင့်နေခဲ့ရတာ.... မဟာအစီအရင်ကြီး နိုးထလော့...!”

မြေအောက်သခင်၏ အမိန့်သံ ထွက်ပေါ်လာသည်နှင့်တပြိုင်နက် ယဇ်ပလ္လင်ပေါ်ရှိ အလင်းတန်းသည် ပြင်းထန်စွာ လှည့်ပတ်လာလေသည်။

“မဟာအစီအရင်ကြီး နိုးထစမ်း...!”

မြေအောက်သခင်၏အသံသည် ယဇ်ပလ္လင်မှလည်းထွက်ပေါ်လာလျှင် အလင်းတန်းမှာ ပို၍ ထူထဲလာနေခဲ့လေသည်။

ရီချန်းဂျီ၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသည်။

"ငါ သဘောပေါက်ပြီ... အသူရာတစ္ဆေဒေသက အရှေ့ပိုင်းဒေသတစ်ခုလုံးကို ပေါင်းစည်းမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ သူတို့ရဲ့ လုပ်ဆောင်ချက်တွေ အကုန်လုံးက ဒီအတွက်ပဲပေါ့...”

ထိုအချိန်တွင်မှ ဤလူများ ဘာလုပ်ချင်နေသည်ကို သူနားလည်လိုက်သည်။

ဤယဇ်ပလ္လင်သည် အလွန်မှော်ဆန်၏။

၎င်းသည် ထိုလူများ၏ ထူးဆန်းသော စွမ်းအားများနှင့် ယုံကြည်ခြင်း၏ စွမ်းအားကို သူ့စွမ်းအင်အဖြစ် အသုံးပြုခဲ့သည်။

ပစ်လွှတ်နေဆဲဖြစ်သော အလင်းတန်းသည် မြေပြင်ပေါ်ရှိ အသူရာတစ္ဆေဒေသ ဌာနချုပ်မှ အစီအရင်နှင့် ချိတ်ဆက်ထားရပေမည်။

ရီချန်းဂျီ၏ ခန့်မှန်းချက်အရ ဤအလင်းတန်း၏ထိပ် ထိုးဖောက်ထားရာနေရာသည် မြေပြက်ပေါ်တွင် အလယ်ပိုင်းဒေသအနီးတွင် ဖြစ်သင့်ပေသည်။

သူ ဤနေရာသို့ ရောက်ပြီး ယစ်ပုလ္လင်နှင့် အလင်းတန်းကို လေ့လာရာမှ ထိုအစီအရင်ဝင်္ကပါ၏ အခြေခံဖွဲ့စည်းပုံကို နားလည်ထားပြီးဖြစ်သည်။

“ဒီအစီအရင်ရဲ့ အနေအထားက လျှု့ဝှက်အစွန်အဖျားဂိုဏ်းကို ပစ်မှတ်ထားနေတာပဲ... ဒီလောက်အကြာကြီး ရှိနေတာတောင်မှ ထူးထူးခြားခြား မခံစားရတာ မဆန်းဘူး...”

"ဒီနည်းလမ်းနဲ့ အစီအရင် ကိုဖွင့်ချင်ရင်‌တော့ ငါ့ရဲ့ခွင့်ပြုချက်ကို အရင်ရမှ ဖြစ်မယ်..."

ထိုအတွေးများနှင့် ရီချန်းဂျီ ပြုံးလိုက်ရင်း သူ့လက်ဖဝါးကို မြှောက်လိုက်ကာ အစီအရင်ထဲသို့ အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်သည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now