27

882 70 0
                                    

ငါ့တပည့်တွေရူးနေကြပြီ
အခန်း ၂၇- ရက်စက်သင့်ရင် ရက်စက်လိုက်

“အမြန် ပြန်လာခဲ့စမ်း....!”

အသင်္ချေဓားဂိုဏ်း၏အဖွဲ့ဝင်များသည် ဓားတစ်ချက်နှင့် အသတ်ခံလိုက်ရပြီး သဲလွန်စပင်မကျန်တော့အောင် ပျောက်ကွယ်သွားခဲ့သည်။ လီရှန်းယီမှာ သူ့ဆရာ၏ အသံကို ရုတ်တရက်ကြားလိုက်ရချိန်အထိ သူ့ဆရာ၏ဓားချက်မှာ မည်မျှအစွမ်းထက်သည်ကို တွေးရင်း အံ့ဩနေမိလေသည်။

တစ်စုံတစ်ခုအား တွေးလိုက်မိပြီး လီရှန်းယီ ထိတ်လန့်သွားခဲ့သည်။

သူအရမ်း ထင်ပေါ်လွန်းသွားသည်ကို သူ့ဆရာ သဘောမကျ ဖြစ်သွားခဲ့သည်လော။

ဤအတွေးဖြင့် လီရှန်းယီမှာ ဂိုဏ်းခေါင်းဆောင်ဒင် နှင့် အခြား အကြီးအကဲများထံ ဦးညွှတ်ကာ -

“ဒီကိစ္စ ပြီးသွားပါပြီ... မီးသစ်တောတောင်ထိပ်မှာ အရေးကြီး ကိစ္စလေး ရှိလို့ ကျုပ် အရင် သွားနှင့်တော့မယ်!”

ဂိုဏ်းချုပ်ဒင်နှင့် အခြားသူများ၏ အဖြေကို စောင့်မနေတော့ဘဲ လီရှန်းယီတစ်ယောက် ဓားကို ကိုင်ကာ တံခါးဆီသို့ အမြန်ပြေးထွက်သွား တော့သည်။

ဂိုဏ်းချုပ်ဒင်မှာ ယခုနက အသင်္ချေဓားဂိုဏ်းမှ လူများ မပျောက်ကွယ်ခင်လေးကမှ ရုတ်တရက်ထွက်ပေါ်လာကာ ရုတ်တရက်ပင် လေထဲတွင် ပျောက်ကွယ်သွားသော ဓားစွမ်းအင်အောက်တွင် နှစ်မြုပ်နေ လေသည်။ လီရှန်းရီ ပြေးထွက် ပျောက်ကွယ်မသွားခင် သူ့မှာ တုံ့ပြန်ဖို့ အချိန်တောင် မရှိခဲ့ပေ။

“ဒီကလေးက အရမ်းမြန်တာပဲ...။ မီးသစ်တောတောင်ထိပ်မှာ ဘာအရေးကြီး ကိစ္စများ ရှိနိုင်လို့လဲ...”

“ဟားဟား... ဂိုဏ်းချုပ်နဲ့ အကြီးအကဲ ချင်ခန်းတို့  သူ့ကို တပည့်အဖြစ်နဲ့ နောက်တစ်ကြိမ် ထပ်အမိဖမ်းဖို့ ကြိုးစားမှာကို ကြောက်လို့ ထွက်ပြေးသွားတာ နေမယ်...”

“မင်း ဘာတွေပြောနေတာလဲ.... သူ့လို အစွမ်းထက်တဲ့ ဓားလမ်းစဉ် တပည့်က ဓားပညာ ကျင့်ကြံဖို့ ငါ့ဆီကို လာသင့်တယ်။ သူ့ မီးသစ်တောတောင်ထိပ်မှာ ဓားသမား အမွေဆက်ခံလို့ရမယ့်သူမှ မရှိတာ...”

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now