92

616 55 0
                                    

အခန်း 92- ထိတ်လန့်ကြရခြင်း

“အင်ပါယာတစ်ပါးလို့ မပြောရဘူး... သူ့လုပ်ရပ်တွေက အံ့ဩစရာတွေချည်းပဲ...”

ဘိုးဘေးများအားလုံး ချီးကျူးပြောဆိုနေကြလေသည်။

"ရီချန်းဂျီ... ဒီကလေးကတော့... အရမ်းလျှို့ဝှက်တတ်တဲ့ကလေးပဲ... အင်ပါယာဖြစ်လာတာနဲ့ ကြီးကျယ်တဲ့ အလုပ်တွေ အများကြီးလုပ်လိမ့်မယ်လို့ ငါ မထင်ထားဘူး...” မျက်ခုံးရှည် ဘိုးဘေး အားရဝမ်းသာသံနှင့် ပြောလိုက်သည်။

သူပြောပြီးသည်နှင့် လျှို့ဝှက်ခန်းတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။

"ဘာလဲ... ငါတစ်ခုခုမှားပြောတာလား..."

မျက်ခုံးရှည် ဘိုးဘေး လူအုပ်ကို အံ့အားသင့်စွာ ကြည့်နေ၏။

ဖြတ်...!

စတုတ္ထ ဘိုးဘေးမှ မျက်ခုံးရှည် ဘိုးဘေး၏ ခေါင်းနောက်စေ့ကို ပိတ်ရိုက်လိုက်သည်။

“မင်း အရင်တုန်းကအတိုင်းပဲ... မင်းပါးစပ်က စည်းကိုမရှိဘူး..."

"အခု လျှို့ဝှက်အစွန်အဖျားဂိုဏ်း အင်ပါယာ ဖြစ်နေပြီဟ... ရီချန်းဂျီ… ဟုတ်လား… အဲဒီကလေး... ဟုတ်လား...!”

လျှို့ဝှက်ခန်းထဲက ကျန်တဲ့လူတွေအားလုံး သူတို့အား ဝိုင်းကြည့်နေလေသည်။

အခုအချိန်တွင် လူတိုင်း၏ အနေအထားမှ အတော်ကွာခြားသွားခဲ့ပြီ ဖြစ်သည်။

အတိအကျပြောရလျှင် ယခင်က ရီချန်းဂျီအပေါ် လျှို့ဝှက်အစွန်အဖျားဂိုဏ်း၏ သဘောထားသည် သာမာန်မျှသာ ဖြစ်သည်။ တောင်ထိပ်တစ်ခုမှ အကြိးအကဲ၏တပည့်။ ဆရာအကြီးအကဲမရှိချိန် တောင်ထိပ်အား တာဝန်ယူထားသူဟုသာ သဘောထားခဲ့ကြခြင်း ဖြစ်သည်။ နောက် ထူးဆန်းသည့်သူ ပေါ်ထွက်လာချိန်တွင်လည်း သူ့အား မည်သူမျှ သံသယမဝင်ခဲ့ကြပဲ သူနှင့်သက်ဆိုင်မည်ဟုပင် မထင်ထားခဲ့ကြပေ။

သူတို့ဂိုဏ်းမှ ဤအင်ပါယာ ထွက်‌ပေါ်လာခြင်းမှာ လုံးဝ ကံကောင်းခြင်းသက်သက်ပင်ဖြစ်သည်။ ဂိုဏ်း၏ ထောက်ပံ့မှု တစိုးတစိမျှ မပါခဲ့ပေ။

"အခုချိန်မှာတော့ မင်းတို့ သူ့ကို လေးစားဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူး... ပါးစပ်စည်းမရှိ ဆက်ပြောနေရင်တော့ မင်းထိုက်နဲ့ မင်းကံပဲ...!”

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now