85

638 45 0
                                    

အခန်း 85- ရလေ လိုလေ အို တစ္ဆေ

"ဘာလဲဟ…! အကြီးအကဲမာက အဲဒီလူရဲ့ လက်ချက်နဲ့ တကယ်သေသွားတာလား။ သူက မူလရေကြည်နယ်ပယ်ကို ရောက်နေတဲ့သူ မဟုတ်ဘူးလား…"

ဆစ်ကျိူးကုန်သွယ်အဖွဲ့၏ ဌာနခွဲတစ်ခုဖြစ်သည့် ကျင်းအန် ခြံဝန်းထဲတွင် ကုန်သွယ်အဖွဲ့၏ ခေါင်းဆောင်မှာ သတင်းတင်ပြနေသော အကြီးအကဲအား ပါးစပ်အဟောင်းသားဖြင့် ကြည့်နေလေသည်။

ထိုအကြီးအကဲလည်း ကယ်ရာမဲ့နေခဲ့လေသည်။

“အရင်ကရထားတဲ့ သတင်းတွေက မှားနေတယ်။ သူက ဝိညာဥ်ပင်လယ်နယ်ပယ်မှာ ရှိနေတဲ့ တကယ် အစစ်အမှန် မဟာဆရာသခင်တစ်ပါးပဲ… ဒီရက်တွေအတွင်း ဝိညာဥ်ပင်လယ်နယ်ပယ်ကို ချိုးဖြတ်တက်ရောက်က်နိုင်မယ့် ဟောပြောချက်တွေ ဟောပြောနေပါတယ်…”

ခေါင်းဆောင်မှာ မှင်တက်မိနေကာ တုန်တုန်ယင်ယင်နှင့် သူ့နောက်က ထိုင်ခုံပေါ်သို့ ထိုင်ချလိုက်ရလေသည်။

သတင်းမှားကြောင့် သူတို့အဖွဲ့မှ ဝိညာဉ်ပင်လယ်နယ်ပယ်အဆင့် အကြီးအကဲတစ်ဦးကို ဆုံးရှုံးခဲ့ရသည်။

သူတို့ကုန်သွယ်ရေးတစ်ဖွဲ့လုံးတွင် ဝိညာဉ်ပင်လယ်နယ်ပယ်အဆင့် ပညာရှင်လေးယောက်သာရှိသည်။ ၎င်းတို့သည် အခြားကုန်သွယ်လုပ်ငန်းစုများနှင့် ယှဉ်ပြိုင်နေရသော လူသားရင်းမြစ်အင်အားများဖြစ်သည်။

"မဟုတ်‌သေးပါဘူး… ဝိညာဉ်ပင်လယ်နယ်ပယ်ကို တက်ရောက်ဖို့ လိုအပ်ချက်တွေကို အဖိုးအခမယူပဲ လူသိရှင်ကြား သင်ကြားပေးနေတယ်တဲ့လား…."

ထိုစကားလုံးများ၏ အဓိပ္ပါယ်ကို နားလည်ရန် ခေါင်းဆောင်မှာ အချိန်အတော်ကြာ ယူခဲ့ရလေသည်။

ထိုကိစ္စမှာ ပေါ့သေးသေးမဟုတ်ပေ။ ထိုဒေသရှိကုန်သွယ်အဖွဲ့များနှင့် ကျင့်ကြံရေး အင်အားစုများတွင် ထုတ်ဖော်ပြောနေစရာမလိုသော နားလည်မှုများ ရှိကြသည်။

ထိုသို့အရေးကြီးသည့် ကျင့်ကြံခြင်းနည်းလမ်းများ ကျင့်စဉ်များကို လူတကာအား ထိုသို့ ပေါပေါပဲပဲ ဖြန့်ဝေနေလျှင် သူတို့ ကုန်သည်များ၏ ကျင့်စဉ်ဈေးကွက်ကို ဖျက်စီးရာရောက်သလို အနီးအနားဂိုဏ်းများ အင်အားစုများအတွက်လည်း မည်သည်ကို ဗန်းပြပြီး ပါရမီရှိသူများကို သူတို့ထံ လာရောက်လေ့ကျင့်ရန် ခေါ်ဆောင်နိုင်တော့မည်နည်း။ သူတို့အားလုံးအတွက် ထိခိုက်မည့်အရာများသာ ဖြစ်ပေသည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now