37

803 70 0
                                    

ငါ့တပည့်တွေရူးနေကြပြီ
အခန်း 37- နေရာတိုင်းတွင်စနစ်သို့ ဝင်ရောက်ခြင်း

ဒေါင်လင်းတောင်၊ ရီနန် လှိုဏ်ဂူ။

ထိုနေရာသည် တစ်ချိန်က အဖြူရောင်လဂိုဏ်း၏ ဂိတ်တံခါးဖြစ်ခဲ့ပြီး ရှေးခေတ်က အထွတ်အမြတ်ထားရာ နေရာတစ်ခုဖြစ်သည်။ ဝိညာဉ်စွမ်းအင်များ အတော်ပေါများသော နေရာတစ်ခုဖြစ်သည်။

နောက်ပိုင်းတွင် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦးသည် ထိုနေရာတွင် ပေါ်ထွက်လာခဲ့သည်။ ထို့နောက် သူသည် ဂိုဏ်းတည်ထောင်သူအား အမွေဆက်ခံပြီး အဖြူရောင်လဂိုဏ်း၏ ဒုတိယမြောက် အင်ပါယာ ဖြစ်လာမည်ဟု ကတိပြုခဲ့သည်။

သို့သော် သူသည် မိမိကိုယ်ကို ယုံကြည်မှုလွန်ကဲပြီး အင်ပါယာအဆင့်သို့ ဖြတ်ကျော် မတက်ရောက်နိုင်ခဲ့ပေ။

နောက်ဆုံးတွင် ထိုအဖြူရောင်လဂိုဏ်း၏ ပါရမီရှင်သည် လမ်းလွဲကာ ရူးသွပ်သွားခဲ့လေသည်။

သူသည် ရီနန်လှိုဏ်ဂူ၏ ဝိဉာဉ်ချီနှင့် မြေကမ္ဘာချီတို့ကို အတင်း ဆက်လက်စုပ်ယူခဲ့ပြီး ဂိုဏ်း၏ တပည့်များအား သူတို့၏ ကျင့်ကြံမှုမှ ချီအဆီအနှစ်တို့ ထုတ်ယူရန်အတွက်ပင် သတ်ပစ်ခဲ့သည်။

နောက်ဆုံးတော့ သူ့တွင် လုံလောက်သည့် စွမ်းအင်များ ရရှိခဲ့သော်ည်ူ သူ့စိတ်အခြေအနေမှည လုံးဝ ကမောက်ကမ ဖြစ်ခဲ့ရတော့သည်။ သူ့ခန္ဓာကိုယ်၊ ဝိညာဉ်အာရုံနှင့် ဝိညာဉ်စွမ်းအားတို့ကို တစ်ခုတည်းအဖြစ်သို့ မပေါင်းစည်းနိုင်ခဲ့ပေ။ ထိုသို့ဖြင့် နောက်ဆုံးတွက် သူသေဆုံးသွားပြသူ့တာအိုအိုမှာလဲ ပျောက်ဆုံးသွားတော့သည်။

ထို့နောက် အဖြူရောင်လဂိုဏ်းသည် တဖြည်းဖြည်း ကျဆင်းလာခဲ့သည်။ ရူးသွပ်သွားသော ကျင့်ကြံသူကြောင့် ရီနန် လှိုဏ်ဂူ၏ မြေကမ္ဘာချီစွမ်းအင်ကြောများ ပျက်စီးသွားပြီး ၎င်း၏ဝိညာဉ်ချီစွမ်းအားသည် နည်းပါးကာ ပျောက်ကွယ်သွားခဲ့တော့သည်။

…..

လရောင်မှာ လင်းလက်နေပြီး အဖြူရောင်အရိပ်တစ်ခု ဖြတ်သန်းသွား၏။  ရီချန်းဂျီပင် ဖြစ်သည်။။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now