158

511 35 0
                                    

အခန်း 158- ခိုင်ခံ့လွန်းသောကမ္ဘာ့အကာအရံ

သွေးကျီးကန်းအကောင်ရေ များပြားလာသည်နှင့်အမျှ ၎င်းတို့၏ ကွဲကြေမှုမှာလည်း ပိုမိုမြန်ဆန်လာနေလေသည်။

သွေးကျီးကန်းအရေအတွက်သည်လည်း အဆမတန်တိုးပွားလာပြီး ကောင်းကင်ယံတွင် လျင်မြန်စွာ ပြည့်နှက်နေတော့၏။

ကောင်းကင်ဘုံလူသားကမ္ဘာ၏ မြေပြင်မှလူများမှာ မော့ကြည့်လိုက်လျှင် အရှေ့ဘက်ကောင်းကင်ယံတွင် ကြက်သွေးရောင် အရောင်ဆိုးထားသကဲ့သို့ ဖြစ်နေသည်ကို မြင်နေကြရလေသည်။

"သွေးမီးလျှံဂိုဏ်းဆိုတဲ့အတိုင်းပဲ... ဒီလို တိုက်ခိုက်မှုကို ဦးဆောင်နိုင်သူဟာ ထူးကဲတဲ့ ခွန်အားရှိရမယ်...”

ဟင်းလင်းပြင်အမှောင်ထဲမှာ စောင့်ကြည့်နေသည့် အရှင်ကျားယုမှာ သူ့ဟာသူ ရေရွတ်လိုက်သည်။

“ဒါကို ကြည့်ရတာ... ဒီအစီအရင်ကြီးက တိုက်ခိုက်မှု ပထမလှိုင်းကို ခံနိုင်ရည်ရှိရင်တောင် နောက်လာမယ့်တိုက်ခိုက်မှုတွေက အရမ်းလာကောင်းလာဦးမှာပဲ..."

ထိုအတွေးမျိုး တွေးနေသူများလည်း အများကြီး ရှိနေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ထူးဆန်းသော သွေးကျီးကန်းပေါင်းများစွာ ထပ်မံထွက်ပေါ်လာနေသေးသောကြောင့် ဖြစ်သည်။

ရီချန်းဂျီလည်း ထိုအချက်ကို ကြည့်ပြီး စဉ်းစားနေမိသည်။

"ဒီသွေးကျီးကန်းတွေကို ချီဟွမ်းမျိုးနွယ်စုတွေ စုပ်ယူနိုင်မယ့် ပုံပဲ..."

သူ၏အမြင်တွင် ဤသွေးကျီးကန်းများသည် အားကောင်းသည်မှန်သော်လည်း ၎င်းတို့သည် ကမ္ဘာ့အကာအရံအပေါ် အမှန်တကယ် သက်ရောက်မှုမရှိပေ။

သို့သော် သွေးကျီးကန်းများသည် အလွန်ထူးဆန်းပုံရသည်။ သူသည် ၎င်းတို့ကို အသုံးချနိုင်သည်ဟု ခံစားမိနေသည်။ ထိူသို့ အသုံးပြုနိုင်လျှင် ရလဒ်ကောင်းတစ်ခု ထွက်လာပေမည်။

"မြေအောက်သခင်... မင်းရဲ့ ချီဟွမ်း မျိုးနွယ်စုကို အသူရာတစ္ဆေဒေသမှာ စုဝေးဖို့ စီစဉ်လိုက်... ငါ သွေးချီစီးကြောင်းတစ်ခုကို စမ်းလွှတ်လိုက်မယ်... မင်းတိူ့ အဲဒါကို စုပ်ယူနိုင်မလားဆိုတာ စမ်းကြည့်လိုက်ကြ....”

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now