101

600 41 0
                                    

အခန်း 101- ကောင်းကင်မဏ္ဍိုင်အပိုင်းအစများကို စတင်ရှာဖွေစု‌ဆောင်းခြင်း

အခြေအနေများမှာ ပို၍တင်းမာလာလျှက်ရှိသည်...။

လျှို့ဝှက်အစွန်အဖျားဂိုဏ်းတွင်ရှိသော ရီချန်းဂျီကတော့ သူ့ဘာသာသူ လုပ်စရာရှိသည်များကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။

သူ့သန့်စင်မှုမှာ အရေးကြီးသည့် နေရာကို ရောက်နေပြီ ဖြစ်သည်။

မီးသစ်တောတောင်ထိပ်တွင်…။

ဝင်္ကပါတာအိုဘုရားကျောင်းနှင့် ကုန်းစွန်းမိသားစုစသည့် အပြင်လူများကြောင့် ရီချန်းဂျီ ဆန်းကြယ်ကောင်းကင်ဥမင်အား ထုတ်ဖော်ထားခြင်းမရှိပေ။

မီးသစ်တောတောင်ထိပ်ရှိ ကန့်သတ်နယ်မြေဖြစ်သည့် ရီချန်းဂျီ၏ တံခါးပိတ် ကျင့်ကြံခြင်းနေရာတွင် စွမ်းအင်အငွေ့အသက်လှိုင်းများသည် အရပ်ရပ်သို့ ပျံ့လွင့်လျှက် ရှိပေသည်။

တံခါးအပြင်ဘက်တွင် ချန်ဟဲနှင့် ကုန်းစွန်းရီတို့ ဘေးချင်းကပ် ရပ်နေလျှက်ရှိသည်။

အင်အားစုနှစ်ခု၏သခင် အချင်းချင်း ထိပ်တိုက်တွေ့ကြချိန်တွင် သူတို့နောက်မှ တပည့်များ၊ မျိုးနွယ်စုဝင်များနှင့် မတူဘဲ သူတို့၏ အမူအရာများမှာ အလွန်တည်ငြိမ်ကြလေသည်။

အစီအရင်ဝင်္ကပါပညာရပ်ကို အနှစ်တစ်ထောင်ကျော် လေ့လာခဲ့ပြီးသည့် သူတို့သည် ဤတာအို၏အခက်အခဲကိုနက်ရှိုင်းစွာ သိရှိထားခဲ့ကြသည်။

လျှို့ဝှက်အစွန်အဖျားဂိုဏ်းသို့ ရောက်ရှိလာပြီး ရီချန်းဂျီ၏ ပန်းပဲပညာနှင့် အစီအရင်ပညာတို့ကို မြင်တွေ့ပြီးနောက်တွင် ဂိုဏ်းကြီးနှစ်ခု၏ ခေါင်းဆောင်များမှာ ရီချန်းဂျီအားအကြွင်းမဲ့ ယုံကြည်လေးစားသွားခဲ့ကြသည်။

၎င်းသည် သူတို့ကဲ့သို့ အစွမ်းထက်သော ကျင့်ကြံသူနှစ်ဦး နှစ်ပေါင်းတစ်ထောင်နီးပါး ကျင့်ကြံခဲ့သော ဝင်္ကပါ ကျင့်ကြံနည်းစနစ်များအပေါ် သံသယများကြီးစွာ ဖြစ်ပေါ်စေခဲ့သည်။

မကြာခင်မှာပင် သူတို့၏ အတွေးအမြင်များ ပြောင်းလဲလာခဲ့ကြပြီး ရီချန်းဂျီအား စိတ်ရင်းမှန်ဖြင့် အကူအညီများ ပေးခဲ့ကြတော့သည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now