56

674 60 0
                                    

အခန်း 56- ကောင်းကင်မဏ္ဍိုင်၏အပိုင်းအစများရှာဖွေခြင်း

ရီချန်းဂျီ မီးသစ်တောတောင်ထိပ်တွင် အစီအရင်အုတ်မြစ် စမ်းသပ်မှုအသစ်တစ်ခုကို ယခုလေးတင် ပြီးမြောက်သွားခဲ့သည်။

ယခုချိန်တွင် ကမ္ဘာ့အကာအရံ ဝင်္ကပါ၏ အခြေခံမူများကို သူ အတော်နားလည်ထားပြီးဖြစ်သည်။

သူ ဂိုဏ်းထဲတွင် အချိန်အကြာကြီးရှိနေခဲ့သဖြင့် အနည်းငယ် ပျင်းလာကာ လမ်းလျှောက်ထွက်ဖို့ စိတ်ကူးလိုက်သည်။

သူသွားမည့်နေရာမှာ အရှေ့ဘက်ဒေသရှိ ပန်းဝါတောင်တန်းဖြစ်သည်။

ကောင်းကင်မဏ္ဍိုင်ကျောက်ပြား၏ စိတ်စွမ်းအင် ဆက်နွယ်ချက်အရ ထိုနေရာတွင် မြေအောက်၌ ကြီးမားသော အပိုင်းအစတစ်ခု ရှိနေသည် ဟူ၏။

မြေအောက် မည်မျှ အနက်တွင် ရှိ‌‌နေသည်ကိုတော့ ရီချန်းဂျီ မသိပေ။

ကောင်းကင်ဘုံလူသားကမ္ဘာ၏ ကောင်းကင်မဏ္ဍိုင်ကြီးသည် ရီချန်းဂျီကို မန္တာန်တစ်ခု ရွတ်ဆိုရန် ပေးအပ်ကာ ပျောက်ဆုံးနေသော အပိုင်းအစအားလုံးကို လှုပ်ရှားစေခဲ့သည်။

ကောင်းကင်ဘုံလူသားကမ္ဘာ ကောင်းကင်မဏ္ဍိုင်ကြီး၏ အပိုင်းအစများ အားလုံးသည် အသိစိတ်ရှိကြပြီး အချို့သော အပိုင်းအစများကို သူ့ဟာသူ ဆင့်ခေါ်နိုင်‌ပေသည်။

အချို့ကိုတော့ ရီချန်းဂျီကိုယ်တိုင်သာ ရှာရပေလိမ့်မည်။

“စိတ်ဝင်စားဖို့ကောင်းသားပဲ… လျှို့ဝှက်အစွန်အဖျားဂိုဏ်းရဲ့ အချက်အလက်တွေအရ ဒီပန်းဝါတောင်က ဒီလောက် ရိုးရှင်းတဲ့ပုံ မပေါ်ဘူး။”

“သိပ်ပြီးတော့လည်း မထူးဆန်းပါဘူး။ ကောင်းကင်မဏ္ဍိုင်ရဲ့ အပိုင်းအစတွေ ရှိတဲ့နေရာက သတ္တဝါအမျိုးမျိုးကို သဘာဝအတိုင်း ဆွဲဆောင်နိုင်မှာပဲ…”

ရီချန်းဂျီသည် ဂိုဏ်းချုပ်ဒင်ထံမှ ရရှိသော အချက်အလက်များကို တောင်းယူပြီး ကြည့်ထားလိုက်သည်။

အစက သူ ပေါ့ပေါ့ပါးပါး လမ်းလျှောက်ထွက်ပြီး မဏ္ဍိုင်အပိုင်းအစကို ရှာဖွေကြည့်ချင်ရုံသာ ဖြစ်သည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now