121

543 41 0
                                    

အခန်း 121- အင်ပါယာလက်နက်ဝင်္ကပါ၏ အားနည်းချက်

“ခုအချိန်ထိတော့ ငါတို့ အခွင့်မသာသေးပေမယ့် ငါတို့ရဲ့ အစီအစဉ်တွေ အောင်မြင်သရွေ့ ငါတို့အားလုံးဟာ အင်ပါယာတွေ ဖြစ်လာနိုင်တယ်... ဒါက ငါတို့ရဲ့ နောက်ဆုံးပန်းတိုင်တောင် မဟုတ်ဘူး...”

အင်ပါယာတစ်ပိုင်း ဆယ်ပါးတို့သည် အချင်းချင်း စကားစမြည်ပြောဆိုရင်း အလွယ်တကူ တိုက်ခိုက်နေကြလေသည်။

"ဒီကမ္ဘာကြီးက အကန့်အသတ်မရှိ အလားအလာရှိတယ်... ဒါပေမယ့် အခု ငါတို့ ဒီမှာ ရှိနေတော့ ဒီကမ္ဘာကြီးအတွက် အနာဂတ်ဆိုတာ မရှိတော့ဘူး..."

ပြောလိုက်သူမှာ ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သော်ညား သူ့စကားများမှာ အလွန်ရက်စက်လှသည်။

“ဂွမ်မို ပြောတာ မှန်တယ်... ကျုပ်တို့ ဒီကမ္ဘာရဲ့ အားအကောင်းဆုံးရန်သူကို သတ်ပစ်ပြီး ဒီကမ္ဘာကြီးကို ထိန်းချုပ်ပြီး ကမ္ဘာမြေချီတွေအကုန်လုံးကို စုပ်ထုတ်နေမှတော့ ဒီကမ္ဘာကြီးမှာ တိုးတက်နိုင်ခြေရှိပါတော့မလား..."

ထိုစကားကိုကြားမှ ကျန် အင်ပါယာတစ်ပိုင်းပညာရှင်များ၏ အမူအရာများ ပြောင်းလဲကုန်ကြ၏။

“မင်းပြောကာမှပဲ... အခုထိ သူတို့ရဲ့ အင်ပါယာကလည်း မလှုပ်ရှားသေးဘူး... ငါတို့ ဒီဝင်္ကပါလေးနဲ့တောင် သရေကျနေပြီ... သူတို့ အင်ပါယာသာ ဒီအစီအရင်ကို အသုံးပြုရင် ကျုပ်တို့ ဒုက္ခမရောက်နိုင်ဘူးလား....”

အင်ပါယာတစ်ပိုင်းများ၏ အမူအရာများ ပြောင်းလဲသွားသည်။

“အခု ငါတို့ စမ်းသပ်တိုက်ခိုက်နေတဲ့ ဝင်္ကပါက အပြည့်အ၀ တည်ဆောက်ပြီးတဲ့ပုံမပေါ်ဘူး...  ဟာကွက်တွေရှိနေသေးတယ်....”

“ဘာလို့ ဟာကွက်ကိုရှာပြီး ခိုးမဝင်ရမှာလဲ... သူတို့ရဲ့ ဝင်္ကပါက ငါတို့ကို မတွေ့နိုင်ပါဘူး...”

၎င်းအားကြားလျှင် အင်ပါယာတစ်ပိုင်းပညာရှင်များထဲမှ ခေါင်းဆောင်ဖြစ်ဟန်တူသူက ခေတ္တမျှစဉ်းစားနလေသည်။

အချိန်အတော်ကြာပြီးနောက်တွင်မှ ခေါင်းယမ်းလိုက်၏။ တိုက်ပွဲမှာလည်း ပို၍ ပြင်းထန်လာနေလေသည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now