95

628 49 0
                                    

အခန်း 95- ချင်ခွန်းတောင်ကြား၏အကြပ်အတည်း

“ကျုပ်တို့ သူ့ကို မပေးနိုင်တာ သေချာတယ်… တချို့လူ တွေ ပြောတာအရ လျှို့ဝှက်အစွန်အဖျားဂိုဏ်းအင်ပါယာက ရတနာအများကြီးကို တောင်းဆိုသွားတယ်လို့ ကြားထားတယ်…”

ပိုင်စီလင်မှ ပြောလိုက်သည်။

"လီရှန်းယီကို စောင့်ကြည့်ဖို့ တစ်ယောက်ယောက်ကို ကျုပ် ခိုင်းထားပြီးပြီ… ကျုပ်တို့ဘက် ရောက်လာတာနဲ့ ချက်ခြင်းသတင်းပို့ဖို့ ခိုင်းထားတယ်…”

ကောင်းကက်တာအို‌ကျောင်းတော်မှ ရတနာမည်မျှ ပါသွားခဲ့သည်ကို အတိအကျ မသိခဲ့ရသော်လည်း၊ လျှို့ဝှက်အစွန်အဖျားဂိုဏ်းအင်ပါယာသည် ကျောင်းတော်မှ ယူဆောင်သွားသည်ဟု ယူဆရသော ရတနာများ၏ သတင်း အချက်အလက် အပိုင်းအစများအားလုံးကို စုဆောင်းမိသောအခါ တွေ့ရသည့် ပမာဏမှာ သူ့အား အလွန်အမင်း တုန်လှုပ်နေခဲ့ဆဲဖြစ်သည်။

ထိုအရာများမှာ မည်သို့သော ရတနာများဖြစ်သနည်း။

ထိုအရာများစွာထဲမှ တစ်စုတစ်ခုလေဆုံးရှုံးသွားခဲ့လျှင်ပင် အသည်းကွဲသလို ခံစားရ စေမည့် ရတနာများ ဖြစ်သည်။

လျှို့ဝှက်အစွန်အဖျားဂိုဏ်းအင်ပါယာသည် ကောင်းကင်တာအိုကျောင်းတော် မှ သူသတင်းရသော အရာများမက ပို၍ယူဆောင်သွားမည်မှာ သိသာပေသည်။

"ငါတို့ ဘာလုပ်သင့်လဲ…"

ပိုင်စီလင် ၏မေးခွန်းအားကြားသော်လည်း လင်ရီဖန်းတွင် အဖြေမရှိပေ။

တစ်ချိန်တည်းမှာပင် သူသည် အလွန်အမင်း ခံရခက် နေခဲ့သည်။

မြင့်မြတ်နယ်မြေများသည် အခြားမြင့်မြတ်နယ်‌ မြေမဟုတ်သည့် အင်အားစုများထံမှသာ ပစ္စည်းများကို လုယက်ခြင်းသော်၎င်း ဈေးနှိမ်၍သော်၎င်း ရယူနေကြလေ့ရှိသူများ ဖြစ်သည်။ ယခု သူတို့ထက်အားကောင်းသူ၏ အနိုင်ကျင့်ခံ‌ရသည့်အချိန်တွင်တော့ အလွန်ပင် ခံရခက်နေခဲ့ကြတော့သည်။

မြင့်မြတ်နယ်မြေတစ်ခု၏ ခေါင်းဆောင်အနေဖြင့် ပြင်လို့မရသည့် အမှားကို သူ ဝန်ခံမည်မဟုတ်ပေ။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now