53

695 61 0
                                    

အခန်း 53- တောင်ပိုင်းနယ်စပ်ရှိ တစ္ဆေဒေသ ရှာဖွေခြင်း

“ဒါ့အပြင် အားလုံးသိထားတဲ့အတိုင်း အခု ကျုပ်တို့ဂိုဏ်းမှာ အားကောင်းတဲ့ ဧည့်အကြီးအကဲတွေ အများကြီးရှိနေပါပြီ…။ သူတို့က ထူးခြားတဲ့ ပညာရပ်စွမ်းရည်တချို့ကိုလည်း သင့်လျော်သလို မျှဝေပေးပါလိမ့်မယ်…။”

ဂိုဏ်းချုပ်ဒင်၏ အသံ ဆက်လက် ထွက်ပေါ်လာသည်နှင့်အမျှ လူအုပ်အတွင်း တီးတိုးသံများလည်း ကျယ်လောင်ပြင်းထန်လာလေသည်။

တပည့်များစွာသည် ‌အား‌ကောင်းသော အော်ရာများဖြင့် ရှိနေသော ဧည့်အကြီးအကဲများ၏ အတန်းဆီသို့ စူးစူးရဲရဲကြည့်နေကြလေသည်။

ထိုလူများမှာ နာမည်ကြီးသည်ဖြစ်စေ မကြီးသည်ဖြစ်စေ ၎င်းတို့အားလုံးမှာ အလွန်အစွမ်းထက်ကြပြီး သူတို့၏ အရည်အချင်းများမှာ သာမာန်လူတစ်ယောက်မှ မပါပေ။

မြင့်မြတ်နယ်မြေများမှ ရောက်လာသည့်လူများမှာ ပို၍ပင် စိုးရိမ်နေခဲ့ကြလေသည်။

ထိုနည်းဖြင့် သူတို့အတွက် ပါရမီကောင်းသည့် တပည့်များရရှိရန် အခွင့်အလမ်းများ လျော့နည်းသွားမည် ဖြစ်လေသည်။

"ကျုပ်တို့ရဲ့ ဆွေးနွေးချက်အရ ခြောက်လတစ်ကြိမ် တပည့်စုဆောင်းခြင်း အခမ်းအနားကျင်းပပြီး စစ်ဆေးခြင်း‌တွေလုပ်သွားပြီး တပည့်သစ်တွေ လက်ခံသွားမှာဖြစ်တယ်... "

"ထူးချွန်တဲ့တပည့်တစ်ယောက်က ဂိုဏ်းဝင်ခွင့်စစ်ဆေးခြင်းအောင်မြင်ပြီး အင်ပါယာရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့ရင် အင်ပါယာရဲ့ တပည့်ဖြစ်ဖို့ မခက်ခဲပါဘူး…!"

“အားလုံးပဲ သေသေချာချာ စဉ်းစားကြပါ… ကျုပ်တို့ လျှို့ဝှက်အစွန်အဖျားဂိုဏ်းရဲ့ မီးသစ်တောတောင်ထိပ်က တပည့်သစ်တွေကို လက်ခံနေဆဲဖြစ်ပါတယ်”

“ကျုပ်ဘေးမှာ ရပ်နေတဲ့သူ လီရှန်းရီဆိုတာကလည်း မီးသစ်တောတောင်ထိပ်ရဲ့ ထူးချွန်တဲ့ တပည့်တစ်ဦးပါပဲ။ အားလုံးပဲ သူရဲ့နာမည်ကို မိုးပြာနဂါးစာရင်းမှာ ကြားဖူးကြပါလိမ့်မယ်…”

ဂိုဏ်းချုပ်ဒင်၏ ကြွားလုံးထုတ်သံကို ကြားလိုက်လျှင် လီရှန်းယီမှာ မျက်နှာပေါ်တွင် မည်သို့မျှ ထူးခြားဟန် မဖြစ်ပေါ်ခဲ့သော်လည်း သူ့နှလုံးခုန်ချက်မှာတော့ တစ်ချက်စာမျှ ရပ်တန့်သွားသည်ဟု ထင်လိုက်မိလေသည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now