6

1.4K 91 0
                                    

ငါ့တပည့်တွေရူးနေကြပြီ
အပိုင်း ၆ -

"ဘာတွေဖြစ်နေတာလဲ... ဘာလို့ မြေကြီးက လှုပ်နေတာလဲ..."

"ကောင်းကင်ပေါ်မှာလဲ တိမ်မဲတွေနဲ့ လျှပ်စီးတွေလက်နေတယ်.... ဒီနားမှာ တစ်ယောက်ယောက်များ အစွမ်းထက် လျှပ်စီးနည်းစနစ်တမျိုး ထုတ်သုံးနေလို့လား... ငါတို့ ဂိုဏ်းကို လာတိုက်ခိုက်နေတာလား..."

"ဒါ လျှပ်စီးနည်းစနစ်မဟုတ်ဘူး... ကျင့်ကြံသူတစ်ယောက်ရဲ့ လျှပ်စီးကျင့်စဥ်မှာ ဒီလောက် အစွမ်းထက်တဲ့ဖိအား ရှိနိုင်မှာ မဟုတ်ဘူး... ဒါ ကောင်းကင်ဘုံပြစ်ဒဏ်များလား..."

လျှို့ဝှက်အစွန်အဖျားဂိုဏ်းတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်နေကာ အစွမ်းထက်သူများ အားလုံးလည်း တောင်ပေါ်တွင် စုရုံးကာ ကာကွယ်ရန်ပြင်ဆင်နေကြ၏။ ထိုအခိုက် ထူးဆန်းသည့် ရွှေရောင်အလင်းမှ ရုတ်တရက်ပေါ်ထွက်လာခဲ့သည်။

ကောင်းကင်ဥမင်သစ်စေ့မှာ မြေကြီးထဲတွင် အမြစ်စွဲသွားပြီဖြစ်ကာ မီးသစ်တောတောင်ထိပ် တစ်ခုလုံးအား လွှမ်းခြုံထားသော ထူးဆန်းသည့် ရွေရောင်အလင်းတန်းတစ်ခုအား ထုတ်လွှတ်လို့နေ၏။ ထိုနေရာမှ အပြင်ဘက်သို့ အရှိန်ပြင်းပြင်းဖြင့် ပျံ့နှံ့လာနေခြင်း ဖြစ်သည်။

ထိုအချိန်တွင် ကောင်းကင်ဥမင်မှာ ရီချန်းဂျီ ရှေ့မှ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ကောင်းကင်ဥမင်နှင့် မီးသစ်တောတောင်ထိပ်မှာ တသားတည်း ဖြစ်သွားခဲ့ပြီမှန်း သူသိလိုက်ရသည်။ ယခုမှစ၍ မီးသစ်တောတောင်ထိပ်မှာ ကောင်းကင်ဥမင်ထဲတွင် ရှိတော့မည် ဖြစ်သည်။

ရီချန်းဂျီတစ်ယောက် သက်ပြင်းချလိုက်မိသည်။

ယခုချိန်မှစ၍ သူ့တွင် ခိုင်မာသည့် အခြေစိုက်နေရာတစ်ခု ရှိလာခဲ့ပြီဖြစ်ပြီး ကမ္ဘာပေါ်တွင် ကောင်းကင်ပြိုကျလာခဲ့လျှင်တောင် သူ့အသက်ရှင်နှုန်းမှာ အခြားသူများထက် မြင့်မားခဲ့ပြီဖြစ်သည်။

သူနှင့် သူ့တပည့်တို့ သေခြင်းတရားကဲ့သို့ အရေးကြီးကိစ္စမရှိသ၍ ဤနေရာအကြောင်း ထုတ်ဖော်ပြောမည် မဟုတ်ပေ။ ဤနေရာတွင် အတွင်းကြိတ် စိတ်ဝမ်းကွဲခြင်းများ မရှိသရွေ့ သူ့အသက်အတွက် အလုံခြုံဆုံးနေရာဖြစ်မည်ဟု အာမခံနိုင်ပေသည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now