60

703 50 0
                                    

အခန်း 60 - ပန်းပဲပညာရှင်များ၏ ထိတ်လန့်မှုများနှင့် အဂ္ဂိရတ်ပညာရှင်များ၏ ရှုပ်ထွေးမှုများ

အချိန်အတော်ကြာရှင်းပြပြီးမှ ဖြစ်ရပ်အကုန်လုံးကို နားလည်သွားကြတော့လေသည်။

ပန်းပဲပညာရှင်များအတွက်လည်း ထိုအကြောင်းများကို သဘောပေါက်ရန် အချိန်အနည်းငယ်ကြာခဲ့ပေသည်။

အင်ပါယာ….!

ကမျဘာ့အကာအရံ…။

ထိုအသုံးအနှုန်းနှစ်ခုသည် အားလုံးကို အတော်ပင် တုန်လှုပ်စေခဲ့လေသည်။

ယခင်က သူတို့ မြင်ခဲ့ရသည့် ပစ္စည်းများနှင့် နည်းစနစ်များမှာ အလွန်ထူးဆန်းပြီး မှော်ဆန်လွန်းသဖြင့် လူတိုင်းကို အံ့အားသင့်စေခဲ့ရုံသာဖြစ်သည်။ ယခုတော့ အားလုံး တုန်လှုပ်နေကြချေလေပြီ။

ထိုအရာများကိုသာ ဆက်လက်လေ့လာနိုင်လျှင် သူတို့လောကတစ်ခုလုံး၏ လက်နက်သန့်စင်မှုအဆင့်သည် နောက်တစ်ဆင့်သို့ တိုးတက်သွားမည် ဖြစ်သည်။

"ဂိုဏ်းချုပ်ရွှီယီ…! ကျေးဇူးပြုပြီး ဒီအင်ပါယာရဲ့ ပုံရိပ်တွေကို ကြည့်ရှုလေ့လာဖို့ ဒီမှာပဲနေပါရစေ…”

ပန်းပဲပညာရှင်များ တောင်းဆိုလာခဲ့ကြသည်။

" အားလုံးပဲ စိတ်မပူကြပါနဲ့… ဒီအင်ပါယာရဲ့ နည်းစနစ်တွေကို အားလုံး အတူတူ လေ့လာဖို့ ရှင်တို့ကို ဒီကို ဖိတ်ခေါ်လိုက်တာပါပဲ…."

“ဒါပေမယ့် ကျေးဇူးပြုပြီး ကျွန်မတို့ကိုလည်း ပြောပြပါဦး… ဒီအင်ပါယာ အခု ဘာလုပ်နေတာလဲ…"

ထိုမေးခွန်းကို ကြားရလျှင် ပန်းပဲပညာရှင်များမှာ အချိန်အတော်ကြာ ဆွေးနွေး‌နေခဲ့ကြပြီးမှ  ပိန်ပိန်ပါးပါး အဘိုးကြီးတစ်ယောက် ရှေ့ကို ထွက်လာသည်။

သူသည် ထိပ်တန်းပန်းပဲပညာရပ်ဂိုဏ်းတစ်ခုဖြစ်သည့် အသင်္ချေရတနာအိမ်တော်မှ ပန်းပဲပညာရှင်ချုပ် ကျန်းရှု  ဖြစ်သည်။

တစ်ကမ္ဘာလုံးသို့ သူတို့၏လုပ်ငန်းများကို ချဲ့ထွင်ထားနိုင်ခဲ့သည့် အသင်္ချေရတနာအိမ်‌ေတာ်တွင်သာ ထိုကဲ့သို့သော အဆင့်မြင့်ပညာရှင်ကြီး ရှိမည်ဖြစ်သည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now