29

900 70 0
                                    

ငါ့တပည့်တွေရူးနေကြပြီ

အခန်း 29- ဓားသင်္ချိုင်း၏သတင်း

ညအချိန်တွင် ရိချန်းဂျီတစ်ယောက် ပင်မတောင်ထိပ်သို့ ရောက်ရှိလာခဲ့သည်။

လျှို့ဝှက်အစွန်အဖျားဂိုဏ်း၏ အင်အားသည် အပြင်ဘက်တွင် ထုတ်ဖော်ထားသည်ထက် တကယ်တမ်းတွင် များစွာပို၍ အားကောင်းပေသည်။ သူတို၏ ထောက်လှမ်းရေးစနစ်ကလည်း တကယ်ကို ပြီးပြည့်စုံလျှက် ရှိသည်။ စုံစမ်းရှာဖွေရန် မလိုအပ်၍သာ မလုပ်ဆောင်ခြင်းမျိုး ဖြစ်သည်။

ယခုအချိန်တွင်တော့ အရာများစွာ ဖြစ်ပျက်နေသဖြင့် လျှို့ဝှက်အစွန်အဖျားဂိုဏ်း ၏ ထောက်လှမ်းရေး ကွန်ရက်သည် တစ်ဖန် ပြန်လည် အသက်ဝင်လာခဲ့ရ ပေတော့မည်။ ပထမဆုံး လီရှန်းရီ၏ အတိတ်နှင့် အခြားအသေးစိတ် အချက်အလက်များကို လျင်မြန်စွာစုဆောင်းခဲ့ကြသည်။

ရိချန်းဂျီကတော့ အသင်္ချေဓားဂိုဏ်း၏ အချက်အလက်များ ရှာဖွေရန် ရောက်လာခဲ့ခြင်း ဖြစ်သည်။ တစ်ဖက်လူတို့၏ တကူးတက လာရောက်လဲလှယ်ရသော ရောင်စုံ ချီဓားအကြောင်းကို သူ သိချင်နေခဲ့သည်။

သူတော်စင်တစ်ပိုင်းအဆင့်ကျင့်ကြံသူအနေဖြင့် သူတို့လာရောက်ရှာဖွေသော ရောင်စုံ ချီ ဓားသည် သူ့အတွက် အထောက်အကူဖြစ်မည်ဟု သူခံစားမိ နေခဲ့သည်။ ထို့ကြောင့် အခြားသူများ ၎င်းကို မေ့နေကြချိန် သူက ထိုအရာကို အဖြေရှာလို‌ နေခြင်း ဖြစ်သည်။

အခန်းထဲသို့ဝင်‌ ရောက်ပြီးနောက် ရိချန်းဂျီ သည် ဂရုတစိုက် စတင်ရှာဖွေခဲ့သည်။

နတ်ဘုရားအာရုံဖြင့် အခန်းကို စစ်ဆေးကာ သက်ဆိုင်မည်ဟုထင်ရ‌သော စာရွက်အားလုံးကို ထုတ်ယူလိုက်သည်။

“ရှန်းရှီရီ... လွင့်မျောမိုးတိမ်မြို့ရဲ့ အရှေ့ရွှမ်‌မျှော်စင်မှာ ဆေးပညာ အရင်းအမြစ်များ ပြတ်လပ်မှုကို တွေ့ရှိခဲ့ရသည်။ မြက်ချော၊ ဟင်းခတ်ပရုတ်ငါးမျိုး… ပြတ်လပ်မှုရှိသည်။။

“ရှန်းရှီစီ... ကျောက်စိမ်းဝိညာဉ် တောင်ကြားက ထိုဖြစ်ရပ်ကို ရှောင်လွှဲခဲ့သည်။ ဆက်သွယ်ရေးလမ်းကြောင်းများစွာကိုလည်း ဖြတ်တောက်ခဲ့...”

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now