41

761 67 0
                                    

ငါ့တပည့်တွေရူးနေကြပြီ
အခန်း 41- အမျိုးမျိုးသော အဆင့်များ

အင်ပါယာတစ်ပိုင်းအဆင့် သုံး‌ယောက်စလုံး မအောင်မြင်သောအခါ လူတို့သည် အာရုံပြောင်းလာခဲ့ကြသည်။

စောင့်ကြည့်ခံရသူများမှာ မျိုးဆက်သစ်လူငယ်များထဲမှ အရည်အချင်းရှိသူများ ဖြစ်သည်။

ပြောင်းလဲလာသည့် အခြေအနေများကြောင့် ၎င်းတို့တွင် ပိုမိုခိုင်မာသည့် အနာဂတ်များရှိနေသည်ဟု ယူဆခဲ့ကြသည်။

အင်ပါယာဖြစ်ရန် အခွင့်အလမ်း ရောက်ရှိလာချိန်တွင် အရည်အချင်းပြည့်မီသော အင်ပါယာတစ်ပိုင်းအဆင့်များအပြင် ထိုလူငယ်များသည် အကြီးမားဆုံး အခွင့်အရေး ရသူများဖြစ်သည်။

ထိုသို့ဖြင့် အင်အားကြီးအဖွဲ့အသီးသီးမှာ အချင်းချင်း ဆက်သွယ်ကာ အချက်အလက်များကို စုစည်းရန် စတင်ခဲ့ကြသည်။

ထို့နောက် အ‌မျိုးမျိုးသော သတင်းစုဆောင်းမည့်နေရာများဖွင့်လှစ်လာခဲ့ကြသည်။
ဥပမာအားဖြင့် နေရာအမျိုးမျိုးတွင် ဆောင်ကြာမြိုင်များဖွင့်လှစ်သည့် ရွှင်ပျော်ပျော်အဖွဲ့များ၊ အမျိုးမျိုးသော လောင်းကစားရုံကြီးများ၊ ဒေသအစုံကို ဖြန့်ကျက်လုပ်ကိုင်သော ကုန်သွယ်ရေးလုပ်ငန်းကြီးများစွာ ပါဝင်သည်။

ထိုအဖွဲ့များအားလုံးတွင် အလွန်အားကောင်းသော သတင်းကွန်ရက်ကို တည်ဆောက်ထားနိုင်ပြီး သတင်းအချက်အလက်မျိုးစုံကို စုဆောင်းနိုင်စွမ်းရှိသည်။

ထို့နောက် ကောင်းကင်လျှို့ဝှက်မျှော်စင်၊ ကြယ်ပွင့်ဂိုဏ်းနှင့် ဝမ်ချန်ဂိုဏ်းတို့ အတူစု‌ပေါင်း တွက်ချက်ကာ အမျိုးမျိုးသောအဆင့်များကို ဖန်တီးခဲ့သည်။

၎င်း အဆင့်ဇယားများတွင် အသက် တစ်ရာအောက် လူငယ်ပညာရှင်များ၏ အချက်အလက်များကို မှတ်တမ်းတင်ထားသည့် မိုးပြာနဂါးအဆင့်များနှင့် အင်ပါယာတစ်ပိုင်းအဆင့်များအား ရေတွက်သည်ဘ လျှို့ဝှက်နဂါးအဆင့်များ ဟူ၍ ပါဝင်သည်။

ထူးခြားသောပါရမီများ အရင်အချည်းရှိသူလူငယ်များမှာ နောင်အနာဂတ်တွင်  လျှို့ဝှက်နဂါးအဆင့်သို့ရောက်ရှိပြီ အင်ပါယာအဆင့်ကို ဖြတ်ကျော်သွားနိုင်မည်ဟု လူအများက ထင်မြင်ယူဆကြသည်။

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now