55

730 62 0
                                    

အခန်း 55- အံအားသင့်နေရသော ဝူယွမ်ဖေး နှင့် ဒေါသထွက်နေရသော ယုထျန်ရှင်း

အသင်္ချေပန်းကမ္ဘာ။

ယွင်ချီ၏ လှေပျံငယ်သည် တောင်ဝင်ရိုးစွန်း စစ်မြေပြင်မှ ကောင်းကင်ရေလကြေးမုံဂိုဏ်းသို့ အမြန်ဆုံးအရှိန်ဖြင့် ခရီးနှင်နေခဲ့၏။

လှေပျံပေါ်ရှိ ဝူယွင်ဖေးမှာ ပို၍ပင် အံ့သြလာရသည်။

ခရီးစစချင်းပင် သူ့အား ကိစ္စများကို နားလည်အောင် ရှင်းပြထားပြီးဖြစ်သည်။

ဤကမ္ဘာအပြင်ဘက်ရှိ အခြားလောကမှ အင်ပါယာများ အစီအရင်အခြေခံအုတ်မြစ်များ ခင်းကျင်းခြင်း သန့်စင်ခြင်းတို့ကို ကောင်းကင်ဘုံရေလကြေးမုံမှ ဖမ်းယူကြည့်ရှုလေ့လာနိုင်ခဲ့သည်။ ထို့ကြောင့် အစီအရင်ပညာရပ်တွင် ထူးချွန်သူ သူ့ကိုလည်း လာရောက်ခေါ်ဆောင်ခြင်း ဖြစ်သည်။

မဟာအင်ပါယာတစ်ပါး...။

အသင်္ချေပန်းကမ္ဘာတွင် ထိုကဲ့သို့အဆင့် ပေါ်ထွက်မလာတော့သည်မှာ မည်မျှကြာခဲ့ပြီကို သိပင် မသိနိုင်တော့ပေ။

သူထင်ထားသည့်အတိုင်း အပြင်ဘက်လောက ဟင်းလင်းပြင်အာကာသသည် အဆုံးမဲ့ဖြစ်ပေသည်။

ပထမ သူကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် အဝါရောင်တာအိုနန်းတော်၏ အမွေဆက်ခံမှု။ ယခု အစီအရင်များကို ဖန်တီးနေသည့် အင်ပါယာ။ ထိုသို့သောနေရာများသာ သူအတွက်ရှင်သန်သင့်ပေသည်။

ယခင်က ဝူယွမ်ဖေးသည် ဤတာဝန်ကို လွယ်ကူစွာ ပြီးမြောက်နိုင်မည်ဟု တွေးကာ ဆုကြေးကို အလွယ်တကူ ရယူနိုင်မည်ဟု ထင်ထားခဲ့သည်။

ယခု ယွမ်ရှီ၏ အမူအယာကို မြင်ပြီးသည့်နောက်တွင်တော့ ကိစ္စများမှာ ထိုမျှ မရိုးရှင်းကြောင်း သူသိလိုက်ုရသည်။

ရုတ်တရက် တစ်နေရာရောက်လျှင် လှေပျံငယ်သည် ရပ်တန့်သွားပြီး ယွမ်ရှီမှ သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ဝူယွမ်ဖေးမှာ ခြေလွတ်လက်လွတ်ပင် လှေပျံပေါ်မှ ပြုတ်ကျခဲ့ရတော့သည်။

"မိတ်ဆွေလေး... ကျေးဇူးပြုပြီး ငါ့ကို အပြစ်မတင်ပါနဲ့။ ငါတို့ တကယ်ကို အလျင်လိုနေလိုပါ... ငါ့ရဲ့ ရိုင်းစိုင်းမှုအတွက် တောင်းပန်ပါတယ်..."

ငါ့တပည့်တွေရူးနေကြပြီ( Book1)Where stories live. Discover now