Title - Xianxia: My Disciples are Insane! ငါ့တပည့်တွေရူးနေကြပြီ ဘာသာပြန် - ဟိန်းထက်လှိုင် မိတ်ဆက် ကူးပြောင်းလာခဲ့ပြီး ဆယ်နှစ်ကြာချိန်၌ ရှန်းနန်တွင် တိတ်တတိတ် စာရင်းသွင်းပြီးနောက် စနစ်သည် နောက်ဆုံးတွင် ရီချန်းဂျီအား ပထမဆုံး တာဝန်ဖြစ်သော တပည့်များလက်ခံခြင်း တာဝန်အား ပေးအပ်လိုက်သည်။ ပထမတပည့် : နေ့တိုင်း ပုဆိန်တစ်လက်ကိုင်ပြီး သစ်ပင်တွေခုတ်၊ ရေသယ်ပြီး ပုံမှန်အစားအသောက်တွေကိုသာ စားလေ့ရှိသော သာမာန် သေမျိုးလူသား...။ နောင်နှစ်အနည်းငယ်ကြာချိန်တွင် ထိုလူသားမှာ တောင်ပေါ်မှ ထွက်သွားပြီး ကောင်းကင်နှင့်မြေကြီးအား ပုဆိန်တစ်ချက်နှင့် ဆုတ်ဖြဲကာ ဖျက်စီးခဲ့၏။ ဒုတိယတပည့် : နတ်ဆိုးဆန်စွာမွေးဖွားလာခဲ့ပြီး ဧကရာဇ်ငယ်တစ်ပါးအသွင် ရှိသည်။ တစ်ခါတုန်းက အလယ်ပိုင်းဒေသသို့ ခရီးထွက်ခဲ့ဖူးပြီး ထိုဒေသမှ လူငယ်မျိုးဆက်များအား အပြတ်အသတ် ဖိနှိပ်အနိုင်ယူခဲ့