အခန်း (၂၂၀) – ရွှေလက်ကောက် ထပ်ရပြန်ပြီ
အစ်မမိန်ထံမှ အသားတစ်သုတ် ရရှိသောကြောင့် အိမ်တွင် အစားအသောက်က အဆင့်တစ်ခု တက်လာခဲ့သည်။
ထို့အတွက်ကြောင့် အမေကျိုးက လင်းချင်းဟယ်ကို ဆယ်ယွမ် ပေးခဲ့လေသည်။ လင်းချင်းဟယ်သည် ဘာ့ကြောင့် ဒီငွေကိုပေးမှန်း နားမလည်ဘူး၊ “အမေ၊ ဘာဖြစ်လို့ ကျွန်မကို ပိုက်ဆံပေးနေတာလဲ။”
“အိမ်မှာ အသားတွေ အများကြီးဝယ်တာက ပိုက်ဆံအများကြီး ကုန်တယ်လေ။” အမေကျိုးက ပြန်ဖြေသည်။
သူမသားအငယ်ဆုံးလေးလင်မယားအိမ်မှာ ထမင်းအတူစားပြီးကတည်းက အမေကျိုးဟာ အနည်းငယ် အပြစ်ရှိတယ်လို့ ခံစားရသည်။ စတုတ္ထလေးရဲ့ ဇနီးသည်ဟာ အသုံးအဖြုန်းကြီးတယ်လို့ သူမ ထင်ခဲ့ပေမယ့် ထိုငွေကြေးတွေကို အခြေခံအားဖြင့် ချင်းပိုင်နှင့် ကလေးတွေအတွက် သုံးစွဲခဲ့တာဖြစ်မှန်း သူမ မသိခဲ့ပေ။
ချင်းပိုင်တွင် အဝတ်အထည်များစွာ ပိုင်ဆိုင်ထားပြီး ဆွယ်တာအင်္ကျီတွေပင် နှစ်ထည် ရှိလေသည်။ ထိုအရာအားလုံးကို သူ့ဇနီးသည်မှ ပြုလုပ်ပေးထားတာ ဖြစ်သည်။
ကလေးတွေလည်း အတူတူပါပဲ။ သူတို့အားလုံးကို ကောင်းမွန်စွာ ကျွေးမွေးပြုစုထားခဲ့သည်။
အကြီးဆုံးမြေး လောင်တသည် အရွယ်ရောက်စပြုလာသောကြောင့် သူမသည် လောင်တကို နေ့တိုင်း ကောင်းကောင်းကျွေးမွေးခဲ့သည်။ အမေကျိုးသည် သူမသာဆိုလျှင်ပင် အကြီးဆုံးမြေးကို ထိုသို့ ကျွေးမွေးလိုစိတ်မရှိနိုင်ဘူးဟု ခံစားမိသည်။
တစ်ဖက်တွင်မူ စတုတ္ထလေး၏ ဇနီးသည်ဟာ သူမကိုယ်တိုင်ကတော့ ညံ့ဖျင်းစွာ စားသောက်ခဲ့သည်။ များသောအားဖြင့် သခွားသီး သို့မဟုတ် ခရမ်းချဥ်သီးတွေကိုသာ စားသောက်လေသည်။ အများဆုံးမှ အသားတစ်ဖတ် နှစ်ဖတ်လောက်သာ စားသုံးခဲ့သည်။ တစ်ရက်လျှင် ကြက်ဥတစ်လုံး စားသောက်ပေမယ့် အဲ့တာက အဲ့တာပါပဲ။နှစ်များတစ်လျှောက် လင်းချင်းဟယ်၏ စွမ်းဆောင်နိုင်မှုကြောင့် အမေကျိုးသည် သူမ အရင်တုန်းက ကလေးတွေအပေါ် မည်ကဲ့သို့ စောင့်ရှောက်ခဲ့သည် ဆိုတာကို မေ့ပစ်ရန် ရွေးချယ်ခဲ့သည်။