အခန်း (၂၄၂) ချစ်စရာ ကောင်းတယ်
မျက်စိတစ်မှိတ်အတွင်း ဩဂုတ်လကို ရောက်ရှိသွားခဲ့သည်။
လင်းချင်းဟယ်က မကြာမီ ပြန်သွားရတော့မည်။ ရာသီဥတုက အရင်နှစ်ရက်တည်းက သိပ်မကောင်းပေ။ မိုးရွာနေ၏။
သို့သော် နွေရာသီမျိုးစေ့တွေကို စိုက်ပျိုးပြီးလို့ ယင်းက ပြည့်စုံပေသည်။ မျိုးစေ့များက စိုက်ပျိုးပြီးနောက် ကြီးထွားလာမည်။ လူကိုယ်တိုင်ရေလောင်းဖို့ လိုနေတာကို မိုးရွာတာက ကယ်တင်ခဲ့သည်။
မိုးက အတော်အတန်ရွာသည်။ အလုပ်သွားလုပ်ဖို့ မလိုပေ။
ခွဲခွာရမည့် စာသင်နှစ်က နီးလာသောအခါ ကျိုးချင်းပိုင်က အလုပ်မသွားတော့ပေ။
သူတို့က ဖြစ်နိုင်သမျှ ပျော်ရွှင်မှုမှာ နစ်မျောခဲ့ကြသည်။
“ဒါက လုံလောက်ပြီ” လင်းချင်းဟယ်က သည်ည သုံးကြိမ်လူးလိမ့်ပြီးနောက်မှာ နောက်ဆုံး ထုတ်ပြောလိုက်သည်။
“ဇနီးလေး မင်းက မကြာခင် သွားရတော့မှာ” ကျိုးချင်းပိုင်က ပြောသည်။လေသံက နစ်နာသလို ဖြစ်နေသည်။ လင်းချင်းဟယ်၏ နှလုံးသားက ပျော့ညံ့သွားပြီး။ “ဒါက လုံလောက်ပြီ။ နှစ်ရက်လောက် အနားယူဖို့က ရှားပါးတဲ့ အခွင့်အရေးပဲ။ ရှင်က ရှင့်စိတ်ဝိညာဥ်ကို အားမွေးထားရမဲ့အစား စွမ်းအားတွေကို ကျွန်မအပေါ် လာဖြုန်းနေတယ်”
ကျိုးချင်းပိုင်က ဆက်မပြောတော့ပေ။
လင်းချင်းဟယ်ကလည်း သူ့ကို ပြောနေတာ ရပ်လိုက်သည်။ အမှန်ပင် ချစ်ကြည်နူးသည်က ရက်တချို့ရှိပြီဖြစ်လို့ လုံလောက်ပေပြီ။ ယင်းက ကြာရှည်ပြီဖြစ်သော်လည်း မရပ်သေးပေ။
သူမက နှစ်သက်သော်လည်း သူ့ခန္ဓာကိုယ်ကိုတော့ ဂရုစိုက်ရပေအုံးမည်။
ဤရှည်ကြာသည့် ရက်မှာ သူမက ဘာမှလုပ်ဖို့ မရှိသော်လည်း သူကတော့ လယ်ထဲတွင် အလုပ်သွားလုပ်ရသည်။ ယင်းက နှိုင်းလို့ရမည်လော။
ကျိုးချင်းပိုင်က တည်ကြည်သော မျက်နှာထားရှိသည်။ သူက ပင်ပန်းတာကို မခံစားရဘဲ ထိုအစား အလွန်ပျော်ရွှင်နေသည်။ သူ့ဇနီးက ကြေးများလွန်းသည်။ သို့တိုင် သူက သူမကို မဆန့်ကျင်ရဲပေ။