အခန်း (၂၄၄) - နေရာလွတ်
သူမသားကျိုးခိုင်က စည်းမျဉ်းမဲ့သော်ငြား ထိုနည်းလမ်းက သက်ရောက်မှုရှိကြောင်း သူမ ဝန်ခံရပေမည်။
ယခုတွင် လူသစ်များအားလုံးက သိရှိသွားကြသည်။ သူတို့ မသိသေးလျှင်တောင် အရိပ်အကဲပြပြီးနောက် သိရှိသွားကြသည်။
ကျိုးခိုင်၏အတန်းဖော်က ရယ်တာ မရပ်တော့ပေ။ “မင်းက ကလေးပဲ။ မင်းက ဒီနည်းလမ်းနဲ့ မင်းအမေကို စောင့်ရှောက်နေတာပဲ။ ဒါပေမဲ့ မင်းအမေကတော့ မင်းကို တုတ်နဲ့ ရိုက်ချင်နေလိမ့်မယ်”
“ဘာရယ်စရာရှိလဲ။ ငါ့အမေက ငါ့ကို မဖမ်းနိုင်ဘူး” ကျိုးခိုင်က ပြောလိုက်သည်။
ကျန်သည်ကို သူက ဂရုမစိုက်နိုင်ပေ။ သူက စောင့်ကြည့်ရုံသာ ရှိသည်။တစ်စုံတစ်ယောက်က မကြောက်မလန့် သူ့အမေကို အချစ်စာလွှာပေးပို့ပါက သူတို့ကို သူက ရှင်းပစ်မှာကို စောင့်ကြည့်ပေါ့။
ကျိုးခိုင်၏အပြုအမူ အကြောင်းကို တက္ကသိုလ်တစ်ခုလုံးက သိရှိသွားပြီးနောက် ကျောင်းဒါရိုက်တာများက ရယ်မောကြတော့သည်။ သူက ၁၄နှစ်သားသာ ရှိသေးသည်။ သူ့အမေကို ပိုးပမ်းနေသည်အား မြင်သောအခါ သူက ဒေါသထွက်ခဲ့သည်။ သတိပေးရန် ထိုနည်းလမ်းသုံးခြင်းက ပုံမှန်သာ ဖြစ်၏။
သဘာဝကျကျပင် လင်းချင်းဟယ်က အိပ်ခန်းဆောင်အတွင်း ထိုအရာကို ကြားသိခဲ့သည်။
အစပိုင်းမှာတော့ ဘာမှ ထွေထွေထူးထူး မဖြစ်ခဲ့ပေမယ့် ထူးဆန်းနေတာက ချန်ရွှယ်ပဲဖြစ်သည်။ သူမက လင်းချင်းဟယ်ကို သီးသန့်ရှာဖွေမေးမြန်းခဲ့၏။ “နင့်ရဲ့ပညာရေးအဆင့်အတန်းနဲ့ ဒီအိမ်ထောင်ရေးက နှမြောဖို့ကောင်းတယ်လို့ မတွေးမိဘူးလား”
သူမက ယင်းကို နားမလည်ချေ။ လင်းချင်းဟယ်၏ မြို့သူ အသွင်အပြင်နှင့် အင်္ဂလိပ်စာကို ချောမွေ့စွာ ပြောဆိုနိုင်သည်ကိုသာ မကြည့်လေနှင့်၊ သူမ၏အမျိုးသားမိသားစုသည် ကျေးလက်မှ ဖြစ်ပေသည်။ သူမအမျိုးသားကလည်း စားစရာအတွက် မြေကြီးကို မှီခိုရသည်။
ဥပမာ ဒီနှစ်နွေရာသီအားလပ်ရက်တွင်ဖြစ်သည်။ လင်းချင်းဟယ်က စာလေ့လာဖို့ ဆက်မနေဘဲ သူမအမျိုးသားနှင့် တွေ့ဆုံရန် ကျေးလက်သို့ပြန်သွားခဲ့သည်။