အခန်း (၂၄၅) - အနာဂတ်ယောက္ခမ
သို့သော်လည်း မြို့တော်မှ လူများသည် အလွန်အနံ့ခံကောင်းကြသည်။ မှောင်ခိုဈေးတွင် ရွှေရှိသော်လည်း ဈေးနှုန်းက အလွန်ကောင်းသည်။
သဘာဝကျကျပင် လင်းချင်းဟယ်က ဝယ်ချင်ပေသည်။ သို့သော် ဈေးနှုန်းက မသေးငယ်လေရာ သူမက မဝယ်နိုင်ပေ။
ထိုအစားသူမက ကျောက်စိမ်းအနည်းငယ် ရလာသည်။ အရည်အသွေးက အတော်လေးကောင်း၏။
“ရွှေမလိုချင်ဘူးလား” ထိုလူက မေးသည်။“မလိုဘူး။ ဈေးများလွန်းတယ်။ မင်းဘာသာ သိမ်းထားပြီးတော့ ရောင်းလိုက်” လင်းချင်းဟယ်က သံသယမရှိဘဲ ပြောလိုက်သည်။
“လက်ရေးလှနဲ့ ပန်းချီကားတွေဆိုရင်ကော ဘယ်လိုလဲ။ အတိတ်တုန်းက လက်ကျန်တွေပါ။ အားလုံးက ရှေးဟောင်းပစ္စည်းတွေချည်းပါပဲ။ သူတို့က အနာဂတ်မှာ သေချာပေါက် တန်ဖိုးရှိလာလိမ့်မယ်” ထိုလူက အခိုင်အမာ ပြောနေခဲ့သည်။
“ဟဲဟဲ၊ အဲဒါက တန်ဖိုးရှိပါတယ်။ ငါ့မိသားစုက ဆောင်းတွင်းမှာ ကျောက်မီးသွေးကုန်တဲ့အခါ အဲဒါကို နွေးဖို့ သုံးလို့ ရတာပေါ့” လင်းချင်းဟယ်က သာမန်ကာလျှံကာ ပြောလိုက်သည်။
ထိုလူက ထိုအရာများကို သိမ်းဆည်းထားရန် အသုံးမဝင်ဟု ထင်နိုင်ပေသည်။ ရွှေကသာ တန်ဖိုးရှိသည်ဟု ဆိုနိုင်သည်။ သို့သော် ယခုအတွက် လက်ရေးလှနှင့် ပန်းချီများက အမှန်ပင် တန်ဖိုးမဲ့ပေသည်။“တကယ်လို့ မင်းသာ လိုချင်ရင် ရွှေနည်းနည်း ရှိတယ်။ ယွမ်၂၀၀နဲ့ အားလုံးကို ရနိုင်တယ်” ထိုလူက လင်းချင်းဟယ် ထိုအရာများကို မလိုချင်သည်ကို တွေ့ပြီးနောက် ပြောလာသည်။
“တစ်ရာ” လင်းချင်းဟယ်က ဈေးနှိမ်လိုက်သည်။
အဆုံးတွင် တစ်ရာ့ငါးဆယ်ယွမ်နှင့် ရလာသည်။ လင်းချင်းဟယ်က ရွှေလက်ကောက်တစ်ကွင်း၊ လက်စွပ်နှင့် လက်ရေးလှနှင့် ပန်းချီအပိုင်းအစ နှစ်ခုစီ ရလာသည်။ သူမက ဘယ်လို ကြိုက်နှစ်သက်ရမလဲဆိုတာ မသိပေ။ ယင်းက ရှေးဟောင်းပစ္စည်းသာ ဖြစ်သည်။
မည်သူမျှ မရှိသောအခါ သူမက နေရာလွတ်ထဲသို့ ထည့်သိမ်းလိုက်သည်။
ပြီးနောက် သူမက မှောင်ခိုဈေးမှ ထွက်လာခဲ့သည်။ တခြားသော အရာများအတွက်မူ သူမက ဘာမှမမေးတော့ချေ။ အကြောင်းမှာ သူတို့က အလွန်ဈေးကြီးသည်။ သူမတို့ရဲ့ ခရိုင်မြို့ကဲ့သို့ပင် မည်သူမျှ အလွယ်တကူ မလှည့်စားနိုင်ပေ။