အခန်း (၃၈၁) - ထရပ်ကားဝယ်ယူခြင်း
အိမ်အပြန်လမ်းတွင် လင်းချင်းဟယ်သည် ကျိုးချင်းပိုင်နှင့် စကားစမြည်ပြောခဲ့သည်။
“ပြောပါဦး၊ ရှန့်မိန်က အဲ့လိုပြောတာ ဘာကိုဆိုလိုချင်တာလဲ။”"ဟမ်...” ကျိုးချင်းပိုင် အကြည့်မလွှဲဘဲ စက်ဘီးကိုသာ ဆက်နင်းနေခဲ့သည်။
"သူက သူ့အမေကို လာစေချင်တာလား။ ဒါမှမဟုတ် သူ့အမေကို ဒီလာခိုင်းပြီး ရှောင်မိန်တို့ကို ကူညီလုပ်ပိုင်ပေးစေချင်တာလား။” ဟု လင်းချင်းဟယ် ပြောသည်။
ကျိုးချင်းပိုင်သည် "အကြီးဆုံးအစ်မ ဒီကို လာတာက ပြဿနာမရှိပါဘူး။” ဟု ပြန်ဖြေခဲ့သည်။
လင်းချင်းဟယ်က "ကျွန်မကလည်း ပြဿနာရှိတယ်လို့ မပြောပါဘူး။" ဟု ပြောသည်။
အကြီးဆုံးအစ်မ လာချင်မည်ဆိုလျှင် လာနိုင်သည်။ သူ့ကို မြို့တော်ကိုလာဖို့ ခွင့်မပြုဘူးဆိုတာ မရှိပါ။
သို့သော် သူမ ဒီကို လာလျှင် ဒီနေရာနှင့် အဝေးတွင် နေထိုင်ရန် လိုအပ်သည်။ သူတို့အားလုံးသည် တူညီသည့်လုပ်ငန်းနယ်ပယ်မှာ ရှိသည်။ ဒါကြောင့် အတူတူနေပြီး ဆက်ဆံရေးကို ဆိုးရွားအောင် မလုပ်တာက ပိုကောင်းမည်။
"နွေရာသီအားလပ်ရက် အိမ်ပြန်တဲ့အခါကျရင် သွားပြီးမေးလာခဲ့လေ။” ဟု ကျိုးချင်းပိုင်က ပြောသည်။
လင်းချင်းဟယ်က ကန့်ကွက်ခြင်းမရှိဘဲ "ကောင်းပြီ" ဟုသာ ပြောလိုက်သည်။ လင်းချင်းဟယ်သည် နွေရာသီအားလပ်ရက်တွင် သူမရဲ့ မောင်လေးဆီ ဆိုင်ကယ်တစ်စီးပို့ပေးချင်ခဲ့သည်။ ဒါ့ကြောင့် အချိန်ကျလာလျှင် သူတို့အိမ်ပြန်ဖြစ်ကြလိမ့်မည်။
အကြီးဆုံးအစ်မတို့ မိသားစု လာခဲ့လျှင် သူထွက်သွားဖို့ ပြောရန် အကြောင်းပြချက်တစ်ခုရှိပြီး သူ့အမေကို ကူညီခိုင်းမည်။
"တကယ်လို့ ဒီကိစ္စကို ပြောမယ်ဆိုရင် ရှင်ပဲ သွား၊ ကျွန်မ စကားမပြောချင်ဘူး။" ဟု လင်းချင်းဟယ်က ဆက်ပြောသည်။
ကျိုးချင်းပိုင်က ခေါင်းငြိမ့်ပြီး "ကိုယ်ပဲ အစ်မကြီးကို သွားရှာပြီး အဲဒီကိစ္စကိုပါ တစ်ခါတည်း ပြောလိုက်ပါ့မယ်။" ဟု ပြောသည်။