Ch-370

1.9K 194 0
                                    

အခန်း (၃၇၀) - အေးခဲခံ ရေခဲသေတ္တာ

စာသင်နှစ်သစ်သည် အချိန်တိုအတွင်း စတင်တော့မည် ဖြစ်သည်။ လင်းချင်းဟယ်သည် သင်ခန်းစာတွေအတွက် ပြင်ဆင်နေပြီ ဖြစ်သည်။ ကျိုးချင်းပိုင်ကတော့ တင်ပို့ပေးသွင်းသူတွေကို ဆက်သွယ်နေပါသည်။

ရေခဲချောင်းများနှင့် အချိုရည်များအတွက် တင်ပို့ပေးသွင်းမည့်သူများကို ဖြစ်သည်။

အဖြူရောင် သစ်တော်သီး ရေခဲချောင်းတွေလိုမျိုး ဖြစ်သည်။ ရေခဲမုန့်တွေလည်း အများကြီး ရှိသည်။ ဒါပေမယ့် ရေခဲမုန့်များကို ကြီးမားသော ရေခဲသေတ္တာထဲမှာ အေးခဲထားဖို့ လိုပါသည်။

ထို့ကြောင့် ကျိုးချင်းပိုင်သည် ပေးသွင်းသူများကို ဆက်သွယ်ပြီးနောက် ရေခဲသေတ္တာကို စစ်ဆေးကြည့်ရှုရန် ဈေးဝယ်စင်တာကြီးသို့ သွားရောက်ခဲ့သည်။

စစ်ဆေးကြည့်ရှုပြီးနောက် ဇနီးဖြစ်သူနှင့် စကားပြောရန် ပြန်လာခဲ့သည်။

"လွန်ခဲ့တဲ့နှစ်ရက်က ဈေးဝယ်စင်တာကြီးမှာ ရေခဲသေတ္တာတွေ နောက်ထပ်အသစ်တစ်သုတ် ထပ်ရောက်ထားတယ်။ ဈေးသိပ်မကြီးဘူးလို့ ကိုယ် ထင်တယ်။ ကိုယ် သူတို့ကို လေးလုံး ဝယ်ချင်တယ် ပြောတော့ သူတို့က အဲ့တာဆို ဈေးလျှော့ပေးနိုင်ပြီး အိမ်အထိ ပို့ပေးမယ်လို့ ပြောတယ်။" ဟု ကျိုးချင်းပိုင်က ရှင်းပြသည်။

"အဲလိုအမျိုးအစားက အလုပ်မဖြစ်ဘူး။" ဟု လင်းချင်းဟယ်က ခေါင်းခါလိုက်သည်။

ကျိုးချင်းပိုင်က သူမကို စိုက်ကြည့်နေသည်။

"အဲလို အစိမ်းရောင် ရေခဲသေတ္တာမျိုးက အိမ်သုံးအတွက်ပဲ သင့်တော်တယ်။ လုပ်ငန်းသုံး အေးခဲခံ ရေခဲသေတ္တာတွေကို လိုအပ်တယ်။" ဟု လင်းချင်းဟယ်က ပြောသည်။

"အေးခဲခံ ရေခဲသေတ္တာလား။” ကျိုးချင်းပိုင်သည် အေးခဲခံ ရေခဲသေတ္တာကို မမြင်ဖူးသေးချေ။

ဒီအချိန်မှာ အေးခဲခံ ရေခဲသေတ္တာများ ရှိသည်။ လင်းချင်းဟယ်သည် ရှန်ဟိုင်းမြို့ရှိ ဈေးဝယ်စင်တာတစ်ခုတွင် ၎င်းကို တွေ့ဖူးထားသဖြင့် ပြောလိုက်သည်။ "စာသင်နှစ်သစ်စဖို့ ငါးရက်ပဲ လိုတော့တယ်။ ရှန်ဟိုင်းမြို့ကို အသွားအပြန် ခရီးထွက်ဖို့ အချိန်ရသေးတယ်။ ကျွန်မ သွားလိုက်မယ်။"

၁၉၆၀ ခုနှစ်များဆီသို့ (ဒုတိယတွဲ)Donde viven las historias. Descúbrelo ahora