အခန်း (၂၉၆) - ကံတရားကိုရှာဖွေ။
ကျန်းမိသားစုနှင့် ပတ်သက်၍ကတော့ လင်းချင်းဟယ်က နောက်လှည့်လိုက်သည်နှင့် မေ့ပစ်လိုက်ပြီ ဖြစ်သည်။
သူမစောင့်ရှောက်ခဲ့သော သားသုံးယောက်က မတုံးအပေ။ သူမသားများများကို ကြံစည်လိုပါက သူမက တံခါးဖွင့်ပေးမည် မဟုတ်ပေ။ ပြတင်းပေါက်တောင် ရမည် မဟုတ်ချေ။
အားနည်းပြီးတော့ သိမ်မွေ့ခြင်းက အသုံးဝင်နိုင်မလား။ ယင်းက အသုံးမဝင်ချေ။
လင်းချင်းဟယ်က သူမသားများကို သူတို့လမ်းကို သူတို့ဘာသာ လျှောက်ဖို့တွေးရန် အမြဲတမ်း ပြင်ဆင်ပေးသည်။ သူမသားများ၏ လက်တွဲဖော်အတွက်မူ သူမက ပါဝင်ဆုံးဖြတ်ပေးမည် မဟုတ်ပေ။
သူမသာ စိတ်မကျေနပ်ပါက သူမက ပြောပေလိမ့်မည်။ သူတို့သာ လက်ထပ်ဖို့ တောင်းဆိုလာရင် သူမက တားမြစ်မည် မဟုတ်ပေ။ နောင်တွင် လူတိုင်းက လွတ်လပ်စွာ နေနိုင်သည်။ ယင်းက ပြဿနာ မဟုတ်ပေ။
သို့သော်ငြား ယင်းက ပြောရန် စောလွန်းသေးပြီး သူတို့က အခုထိ ငယ်သေးသည်။
လင်းချင်းဟယ်က အဒေါ်မာနှင့် လမ်းတွင် ဆုံကြသည်။ အဒေါ်မာက အလုပ်မှ ပြန်လာသော အိမ်ပြန်လမ်းတွင် ဖြစ်၏။
“ရှောင်ခိုင်က ငါ ပြန်ရောက်တဲ့အခါ နင့်ကို ခေါ်ဖို့ ပြောတယ်၊ အချိန်ကို မေ့ပြီး စာအုပ်ဖတ်မနေနဲ့”
အဒေါ်မာက ပြုံးလျက် ပြောသည်။“ကျွန်မ ဗိုက်ဆာနေပြီ” လင်းချင်းဟယ်က အပြုံးဖြင့် ပြန်ပြောလိုက်သည်။
နှစ်ယောက်သားက များများမပြောပေ။ အဒေါ်မာက ပြန်သွားပြီး လင်းချင်းဟယ်ကလည်း သူမလမ်းသူမ ဆက်လာသည်။
မိသားစုက ညစာအတူတူ စားကြသည်။
“ဒီဘက်မှာ ပန်ကာ မရှိသေးဘူး” လင်းချင်းဟယ်က မှတ်ချက်ချသည်။
အလွန်ပူသောနေ့ဖြစ်၍ တစ်နပ်စားရင်း ချွေးများ ကျလာသည်။ သူမက ဤနေရာတွင် လျှပ်စစ်ပန်ကာ ထားရန် မတွေးခဲ့မိပေ။
“နောက်တစ်ခါ ဝယ်တာပေါ့” ကျိုးချင်းပိုင်က ခေါင်းညိတ်၏။
ပူပြင်းသော ရာသီဥတုတွင် အတော်လေး ပူသည်။ သူက ဖက်ထုပ်များ ချက်နေစဉ်တွင် စွပ်ကျယ်သာ ဝတ်ထားရ၏။ သို့တိုင် သူက ပူနေသေးသည်။ လက်ရှိတွင် အေးဖို့ လျှပ်စစ်ပန်ကာ လိုနေပြီဖြစ်သည်။