အခန်း (၃၁၂) – ဆုံးဖြတ်ချက်
နောက်တစ်နေ့မှာ ကျိုးချင်းပိုင်က အရင်ဆုံး အိပ်ရာနိုးလာခဲ့သည်။ သူ အိပ်ရာနိုးချိန်အထိ လင်းချင်းဟယ်က အိပ်ပျော်နေဆဲ ဖြစ်သည်။
သူမသည် မနေ့ညက သူ တွန်းလှဲတာကို ခံခဲ့ရပြီး ယခုလက်ရှိတွင် စောင်အောက်ထဲမှာ လဲလျောင်းအိပ်ပျော်နေတုန်းပါပဲ။အမေကျိုးက “ချင်းပိုင်၊ ဒီရေဒီယိုက ဘယ်သူ့ဟာလဲ။” ဟု တိုးတိုးလေး မေးသည်။
“ကျွန်တော့်ဇနီးသည်က အမေနဲ့ အဖေတို့အတွက် ဝယ်လာပေးတာ၊ ဒါပေမယ့် အိတ်ထဲထည့်ထားပြီး ပြန်ထုတ်ပေးဖို့ မေ့သွားတယ်။ မနေ့ညက ကျွန်တော်တို့ ဒါကို သတိရသွားလို့။” ဟု ကျိုးချင်းပိုင်က အမေကျိုးရဲ့အမေးကို ပြန်ဖြေခဲ့သည်။
“အဲဒီ... အဲဒီဟာတွေအတွက် ပိုက်ဆံသုံးဖို့ မလိုပါဘူး။” အမေကျိုးက အရမ်းပျော်သွားသော်လည်း သူမရဲ့ ပါးစပ်က ထွက်လာတဲ့ စကားတွေကတော့ အနည်းငယ် ရှက်ရွံ့နေဟန်ပေါ်သည်။
အခုခေတ်မှာ ရေဒီယိုဆိုတာ ရှားပါးပစ္စည်းတစ်ခုပါပဲ။
“ဟိုမှာ နေရတာ မလွယ်ဘူး။ ဘာဖြစ်လို့ ပိုက်ဆံကို ဖြုန်းရတာလဲ။” အဖေကျိုးက သူ့လက်နှစ်ဖက်ကို နောက်ကျောဘက်ပစ်ပြီး ပြောလိုက်သည်။
ရေဒီယိုများသည် ရှားပါးသည်ဟု သဘာဝအားဖြင့် သူ ထင်မြင်သော်လည်း ရှားပါးသော ရေဒီယိုများနှင့် နှိုင်းယှဥ်ပါက ရှင်သန်နေထိုင်ရန်အတွက် ငွေစုထားခြင်းက ပိုကောင်းတယ်လို့ သူ ထင်နေပါသေးသည်။
နောက်ဆုံးတော့၊ ဒါက မရှိမဖြစ် ဝယ်သင့်တဲ့ ပစ္စည်း မဟုတ်ဘူး။
“ရပါတယ်။ အများကြီး မကုန်ပါဘူး။ ဝယ်လာပြီး ဆိုတော့ သုံးလိုက်ပါ။” ဟု ကျိုးချင်းပိုင်က ပြောသည်။
နောက်တော့ သူ့မိဘတွေ ဘာစားချင်လဲလို့ စဥ်းစားခိုင်းသည်။
အမေကျိုးက “နင့်ဇနီးသည်က အခုအထိ မနိုသေးဘူးလေ။” ဟု မေးသည်။
“နောက်မှ ပြန်နွှေးပြီး သူမ အိပ်ရာနိုးရင် စားခိုင်းလိုက်မယ်။” ဟု ကျိုးချင်းပိုင်က ပြန်ဖြေသည်။