အခန်း (၃၇၈) - ဘက်လိုက်မှု
လင်းချင်းဟယ်သည် နောက်တစ်နေ့တွင် အကြီးဆုံးမရီးကို ဖုန်းဆက်ခဲ့သည်။
အကြီးဆုံးမရီး လယ်က ပြန်ရောက်တဲ့အခါ အချိန်ရသည်။
ဖုန်းထဲမှာတော့ အကြီးဆုံးမရီးဖြစ်သူက ဘဲကိစ္စအကြောင်း ပြောနေတာကို ကြားလိုက်သည်။ သူမသည် အိမ်မှာ ဘဲအကောင်ရေ သုံးဆယ်မွေးမြူဖို့ စီစဥ်ပြီးသွားပြီး။
လင်းချင်းဟယ်က ပြုံးပြီး ပြောသည်။ “ယန်ယန်နဲ့ ဝူနီက ကောလိပ်ဝင်ခွင့် စာမေးပွဲပြီးရင် အားလပ်ရက်ခရီး သွားကြမှာ မဟုတ်လား။ အကြီးဆုံးမရီး၊ သူတို့ အခုနွေရာသီကို ဒီမှာ အလုပ်လာလုပ်ချင်လားလို့ ကလေးတွေကို မေးပေးပါလား၊ ကျွန်မ ပိုက်ဆံပေးမှာပါ၊ သူတို့ကောလိပ်ကျောင်းတက်ရင် နေထိုင်စရိတ်အဖြစ် သုံးလို့ ရတာပေါ့။”
“သူတို့ကို ပိုက်ဆံပေးစရာ မလိုဘူး။ သူတို့ အစားအသောက် ကျွေးပြီး ဒီအတိုင်း ခိုင်းလို့ ရပါတယ်ဟယ်။” ဟု အကြီးဆုံးမရီးက ရွှင်မြူးစွာ တုံ့ပြန်သည်။
သူ့သားအကြီးဆုံးကို မြို့တော်ကို သွားပြီး မြို့ကြီးကို စူးစမ်းဖို့ အခွင့်အရေးရတာဆိုတော့ ၀မ်းသာမိသည်။ သူမရဲ့ သားလို ငယ်ရွယ်သူများအတွက်တော့ ကောင်းကျိုးဖြစ်စေမှာပင်ဖြစ်သည်။
ကန်းကျစ်ကို မြို့တော်ကို လာစေချင်ကြောင်း လင်းချင်းဟယ် မပြောမီ သမီးယောင်းမနှစ်ယောက်သား စကားစမြည် ပြောဆိုနေခဲ့ကြသည်။
အကြီးဆုံးမရီးက တုံ့ဆိုင်းသွားပြီး “ရှန့်ချမ်းတို့ဘက်ကိုရော ဘယ်လိုလဲ။” ဟု မေးသည်။
“ရှန့်ချမ်းကို စိတ်ထဲမထားနဲ့၊ ညီမအနားလာတဲ့သူတွေက အလုပ်ကြိုးစားရမယ်။” ဟု လင်းချင်းဟယ်က ပြောသည်။
အကြီးဆုံးမရီးသည် လင်းချင်းဟယ်က ရှန့်ချမ်းကို သဘောမကျကြောင်း နားလည်သည်။ ဒါပေမယ့် ဒါက အကြီးဆုံးမရီးအတွက် အံ့သြစရာတော့ မဟုတ်ပါပေ။ ပထမအစ်မ၏ သားအကြီးဆုံးသည် အမှန်ပင် အလိုလိုက်ခံရစွာ ကြီးပြင်းလာခဲ့သည်။ သူသည် ပြုတ်ကျသွားတဲ့ တံမြက်စည်းကိုတောင် ပြန်မကောက်တဲ့လူစားမျိုးပင်။