Ch-345

2K 196 0
                                    

အခန်း(၃၄၅) - အလုပ်လက်မဲ့

လူတစ်ယောက်တည်းက ရပ်ကွက်ထဲတွင် အခြေအနေများဆိုးရွားအောင် လုပ်ခဲ့သည်ဟု ဆိုနိုင်သည်။

ထိုကဲ့သို့သော အခြေအနေမျိုးနှင့်ပင် ကျန်းမေ့ဟယ်က ဒေါ်လေးရှု၏ အကြီးဆုံးချွေးမ လီကွေ့ဖန်ကို သွားတွေ့ခဲ့သေးသည်။

သူမက ညဆိုင်း ဆင်းချင်နေသည်။ သို့သော် လီကွေ့ဖန်က ငြင်းဆန်ခဲ့သည်။  သူမ ဘယ်လိုလုပ်ပြီး ဒီလိုလူမျိုးကို လက်ခံနိုင်ပါမည်နည်း။

ညဆိုင်းတွင် ငယ်ရွယ်သော ကောင်လေးများလည်း ရှိနေသည်။

ထိုကောင်လေးများအား သူမ ထိခိုက်အောင် မလုပ်နိုင်ဘူးဟု မည်သူ ပြောနိုင်မည်နည်း။

ထို့ကြောင့် ဘာမှ ဆွေးနွေးစရာ မလိုတော့ပါ။

လင်ချင်းဟယ်က လူများကို ပြောင်းလဲပေးချင်သော သူတော်စင်လည်း မဟုတ်ပါ။ ကျန်းမေ့ဟယ်က ဒီလိုမျိုးဆိုလျှင် သူမဘယ်တော့မှ ကြင်နာမည်မဟုတ်ပါ။ ထို့ကြောင့် လီကွေ့ဖန် ပြောပြသောအခါ သူမဘာမှ မကန့်ကွက်ခဲ့ပါ။

သူ့သားအကြီးဆုံးကို ချိန်ရွယ်နေသော ကျန်းမေ့လျန်လည်း ရှိသေးသည်။ သူမက အခြား ရပ်ကွက်တွင် နေထိုင်၏။ သူမမှာ အလုပ်ရှိသည်။ ထောက်ပံ့ပို့ဆောင်းရေးအပိုင်းတွင် လုပ်ကိုင်သည်ဟု ကြားမိသည်။ သူမသည် ချစ်သူရည်းစား နှစ်ယောက်လောက်အထိ ပြောင်းခဲ့သည်ဟုလည်း ကြားမိသည်။

နှစ်ယောက်စလုံးကို ညဘက်တွင် သူမအဆောင်သို့ ခေါ်သွားပြီး နောက်တစ်နေ့ကျမှ ပြန်သည်။

သတင်းအချက်အလက်နည်းပညာ  စီစစ်ခြင်း ဖွံ့ဖြိုးမှုနည်းပါးသော ဒီခေတ်တွင် ကမ္ဘာကြီးအား ဖုံးကွယ်ထားဖို့ ရတယ်လို့ မထင်လိုက်ပါနဲ့။

အခြားသူများကို မသိစေချင်လျှင် ဘာမှ မလှုပ်ရှားသင့်ပါ။

မဟုတ်လျှင် ရပ်ကွက်ချင်း အတော်ကွာဝေးသော်လည်း လူများက အောက်ခြေထိရောက်အောင် စုံစမ်းတတ်ကြသည်။

တကယ်တော့ လင်းချင်းဟယ်က ထိုအကြောင်းအရာများကို စိတ်မဝင်စားပါ။ အခြားသူများ၏ သတင်းအကြောင်းအရာများကို မသိချင်ပါ။

၁၉၆၀ ခုနှစ်များဆီသို့ (ဒုတိယတွဲ)Where stories live. Discover now