Ch-374

1.7K 188 0
                                    

အခန်း (၃၇၄) - သူ့သမီးအတွက် အလုပ်ကြိုးစားမည်

ချွေးမဖြစ်သူ၏ တုံ့ပြန်မှုကို ရရှိပြီးနောက် အမေကျိုးသည် စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ မဒမ်ကျူးဆီ အကြောင်းပြန်ကြားပေးခဲ့သည်။

ဒီအဖြစ်အပျက်ပြီးရင် နောက်ဆို ဒီလိုလူနဲ့ အဆက်အသွယ် မလုပ်တော့ဘူးလို့ ကတိပြုမိသည်။ ဒါက အရမ်းစိတ်အနှောင့်အယှက် ဖြစ်ခဲ့ရသည်။

“ငါ့ချွေးမပြောတာတော့ သူ့သားကြီးက ငယ်သေးတယ်တဲ့။ ကလေးက အသက်ဆယ့်ရှစ်နှစ်ပဲ ရှိသေးတော့ အိမ်ထောင်ရေးကိစ္စကို အလျင်စလို မလုပ်ချင်ဘူး။ သူ့အသက်မွေးဝမ်းကြောင်းကို အရင်ဆုံး ခိုင်မာအောင် ပြုလုပ်ပြီးမှ သူ့မိသားစုဘ၀ကို စတင်ရမယ်လို့ပြောတယ်။ ကျန်းကျန်းက ငါ့မြေးထက် တစ်နှစ်ကြီး‌တော့ သူမရဲ့ ဘ၀ကို မနှောင့်ယှက်ချင်ဘူး။” ဟု အမေကျိုးက ပြောပြသည်။

သူမ စိတ်ထဲမှာ‌တော့ လှောင်ပြောင်နေမိသည်။

ကျန်းကျန်းသည် သူမ အကြီးဆုံးမြေးထက် တစ်နှစ်ပိုကြီးပြီး ကမ္ဘာမြေကြီးပေါ်တွင် ရှာဖွေရခက်ခဲပြီး ကောင်းကင်ယံ၌ သူမလိုလူမျိုး အနည်းငယ်သာရှိသည်ဟု မဒမ်ကျူးက ဝါကြွားပြောဆိုချင်ခဲ့သည်။ မသိတဲ့သူက ကျန်းကျန်းကို တကယ့်နတ်သမီးလို့ ထင်ကြပေလိမ့်မည်။

မဒမ်ကျူးသည် သဘာဝအားဖြင့် အလွန်မပျော်ရွှင်ခဲ့ပါ။ သူမက သေချာပေါက် သဘောတူလိမ့်မည်ဟု တွေးထားခဲ့သော်လည်း အခုလို ဖြစ်လာမယ်လို့ သူမ မမျှော်လင့်ထားခဲ့ပေ။

အိမ်ပြန်ရောက်ပြီးနောက် သူမသည် မစ္စတာကျူးအား အေးစက်စွာနဲ့ “ဒါက ကျေးလက်ကနေ တက်လာတဲ့ မိသားစုပဲ မဟုတ်လား။ သူတို့က သူတို့ကိုယ်သူတို့ အရမ်းကောင်းလှပြီလို့ ထင်နေကြတယ်။ ကျန်းကျန်းလို မိန်းမကောင်းလေးကို သူတို့မိသားစုနဲ့ သဘောတူတယ်လို့ ပြောလိုက်တာနဲ့ သူတို့ကိုယ်သူတို့ အရမ်းကြီးတော်နေတတ်နေ ဟန်ဆောင်ဖို့ကျ သတ္တိရှိလိုက်ကြတာ။
ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေတဲ့ မိသားစုကများ၊ ရာရာစစ၊ အံ့ပါရဲ့။”

ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းက ငွေရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ယခုအချိန်မှာ ရောင်းချနိုင်တာက  အမှန်တကယ်ပင် လေးစားစရာ မဟုတ်လော။ အထူးသဖြင့် ကန့်သတ်ချုပ်ချယ်မှုတွေ လျော့ပါးလာတာနဲ့အမျှ ယခုနှစ်မှာ ကိုယ်ပိုင်လုပ်ငန်း အများအပြား ရှိလာခဲ့သည်။

၁၉၆၀ ခုနှစ်များဆီသို့ (ဒုတိယတွဲ)Where stories live. Discover now