အခန်း (၂၉၈) – ဖျားသည်
ပေကျင်းမှာရှိတဲ့ မိသားစုကတော့ သက်ကြီးရွယ်အိုတွေ ဘယ်လိုတွေးနေကြလဲ ဆိုတာကို မသိပါဘူး။
မိသားစုတစ်ခုလုံး အရမ်းပျော်ပျော်ရွှင်ရွှင်နေရသည်။
ဥပမာအားဖြင့်၊ ဒီနေ့တွင် ကျိုးခိုင်က ပိုက်ဆံအချို့ ယူသွားပြီး ပြန်လာတော့ ဘဲကင်တစ်ကောင် ပါဆယ်ဆွဲလာခဲ့သည်။ တစ်မိသားစုလုံး ဘဲကင်ကို အတူဝိုင်းဖွဲ့စားသောက်ကြသည်။
စားသောက်ပြီးနောက် အဖိုးအိုဝမ်သည် ညီအစ်ကိုသုံးယောက်နှင့်အတူ လမ်းလျှောက်ထွက်သည်။ လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့က သန့်ရှင်းရေးလုပ်ပြီးနောက် ဆိုင်ပိတ်ကာ လင်မယားနှစ်ယောက်သား လမ်းလျှောက်ထွက်ခဲ့ကြသည်။
“ရေခဲမုန့်သွားပါလား။ ကျွန်မ မစားဘူးလို့ ကတိပေးတယ်။” ဟု လင်းချင်းဟယ်က ပြောသည်။
သူမအန်တီ(ဓမ္မတာ)လာနေတာ ဖြစ်သည်။ သူမရဲ့ စကားတွေက အလွန်ရဲရင့်သည်။ သူမအန်တီလာနေသောကြောင့် သူမကို တစ်ကိုက်လေးတောင် မစားရဘူး။ ကျိုးချင်းပိုင်က စားခွင့်မပြုဘူး။
ဒါကြောင့် သူမ မစားဘူးလို့ ပြောရင်တောင် ကျိုးချင်းပိုင်က ဝယ်မှာ မဟုတ်ဘူး။ အဲဒီအစား၊ သူက ပန်းသီးတစ်လုံးကိုသာ ဝယ်ပြီး စားလိုက်သည်။
“နှစ်ပေါင်းများစွာကြာတဲ့အခါ ကျွန်မတို့လည်း အခုလို နေထိုင်သွားကြရလိမ့်မယ်။ အဲ့အချိန်ကျရင် ကျွန်မတို့ အေးအေးဆေးဆေး အပန်းဖြေဖို့ နေ့တိုင်း လမ်းလျှောက်ထွက်ကြမယ်။” လင်းချင်းဟယ်က ပြုံးပြုံးလေးနဲ့ ပြောလိုက်သည်။
ကျိုးချင်းပိုင်က ပြုံးရယ်ပြီး ပြောသည်၊ “ကိုယ်တို့မြေးလေးတွေကိုပါ ခေါ်လာချင်တယ်။”
“ဘယ်မြေးတွေကို ခေါ်လာချင်တာလဲ။ ကျွန်မ သူတို့ကို မထိန်းနိုင်ဘူး။ သူတို့ကိုယ်သူတို့ ပြုစုစောင့်ရှောက်ပါစေ။ ကျွန်မတို့အိမ်တံခါးကို ဖြတ်ဝင်လာတဲ့ ချွေးမတိုင်းကို ဒါကို ရှင်းရှင်းလင်းလင်း ရှင်းပြထားမယ်။ အဲဒီအချိန်ဆို ကူညီခိုင်းစေဖို့ ယုံကြည်စိတ်ချရတဲ့ ကလေးထိန်းကို ငှားလိုက်ရင် အဆင်ပြေတယ်။” လင်းချင်းဟယ်က ပြောသည်။