Ch-346

2.7K 234 0
                                    

အခန်း(၃၄၆) - သုံးဆိုင်မြောက်

လင်းချင်းဟယ်သည် ဆိုင်ကို အဝေးကြီးတွင် မဖွင့်လိုပါ။ အမျိုးသမီးဝတ် အထည်ဆိုင်အနီးတွင် ဖွင့်လျှင် အကောင်းဆုံးဖြစ်သည်။

ဘာပဲဖြစ်ဖြစ် အထည်ဆိုင်တွင် ကောင်မလေး နှစ်ယောက်သာ ရှိနေသည်မဟုတ်ပါလား။ ဒီခေတ် လုံခြုံရေးက နောက်ပိုင်းမျိုးဆက်များ၏ လုံခြုံရေးနှင့် နှိုင်းယှဥ်၍ပင် မရနိုင်ပါ။ ပုံမှန်အားဖြင့် ဘာမှမဖြစ်တတ်သော်လည်း ဖြစ်လာပါက အကူအညီရနိုင်မည် ဖြစ်သည်။

သူမ၏ ကံကောင်းမှုကြောင့်လားမသိ။

သူမ၏ အမျိုးသမီးဝတ်အထည်ဆိုင် လမ်းတစ်ဖြတ်တွင် ဆိုင်လွတ်တစ်ခုရှိနေသည်။

ထိုဆိုင်က ကျိုးချင်းပိုင်၏ ဖက်ထုပ်ဆိုင်နှင့် အတူတူဖြစ်သည်။ နှစ်ဆောင်တွဲဆိုင်လည်းဖြစ်၏။

"ဒီဆိုင်က ၅,၀၀၀ ယွမ် ကျပါတယ်၊ ရောင်းသူက တစ်ပြားမှမလျှော့ဘူးလို့ ပြောတယ်။" ဟု အိမ်ရာစီမံရေးဌာနဝန်ထမ်းက ပြောလိုက်သည်။

"အခု ကျွန်မကို အဲ့ဒီခေါ်သွားလို့ အဆင်ပြေမလား။" ဟု လင်းချင်းဟယ်က မေးလိုက်သည်။

"ဟုတ်ကဲ့" ဝန်ထမ်းသည် လင်းချင်းဟယ်ထံမှ သကြားလုံးတစ်ထုပ်ရထားသဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

ပြီးတော့ ဆိုင်ရောင်းထွက်သွားပါက သူမ မျက်နှာသာလည်းရမည်ဖြစ်သည်။ ဒီခေတ်တွင် ကော်မရှင်ခဟူ၍ မရှိပါ။ ပုံသေလစာသာ ရှိသည်။

သူတို့ ထိုနေရာသို့ သွားကြည့်လိုက်ကြသည်။ လင်းချင်းဟယ်က သဘောကျ ကျေနပ်သွား၏။

ဒုတိယထပ်အား ဂိုဒေါင်အဖြစ် အသုံးပြုနိုင်သည်။ နေရာကလည်း အလွန် ကျယ်ဝန်းလှပါသည်။

ထို့အပြင် တည်နေရာက ကောင်းမွန်၏။ လမ်းဘေးမှနေ၍ အမျိုးသမီးအထည်ဆိုင်၏ ထောင့်ဖြတ်အတိုင်း ရှိနေသည်။ ထိုတံခါးကနေ အမျိုးသမီး အထည်ဆိုင်အား လှမ်းမြင်ရနိုင်သည်။

လင်းချင်းဟယ်က လုံးဝ မတုံ့ဆိုင်းပါ။ သူမသည် ချက်ချင်း ငွေလွှဲလုပ်ငန်းစဥ် ဆောင်ရွက်ဖို့ တိုက်ရိုက်လာခဲ့သည်။

၁၉၆၀ ခုနှစ်များဆီသို့ (ဒုတိယတွဲ)Où les histoires vivent. Découvrez maintenant