အခန်း (၃၀၀) - ငါ့လစာထက် မနည်းဘူး
“အရှင်းပျောက်လုနီးပါး ဖြစ်နေပါပြီ။” အဖိုးအိုဝမ်က ရွှင်လန်းတက်ကြွစွာ ပြန်ဖြေသည်။
အန်တီမားသည် ဝမ်းသာသွားသည်။ သူမသည် အိမ်ပြန်ပြီး သူမရဲ့ အိမ်ထောင်ဖက်အတွက် ထမင်းချက်ပေးဖို့ အလျင်လိုနေသောကြောင့် “အခုလောလောဆယ် စကားစမြည်ပြောဖို့ အချိန်မရှိသေးလို့၊ နောက်မှ စကားအေးဆေးပြောကြမယ်၊ အဖိုးဝမ်ရေ။” ဟု ပြောလိုက်ပါသည်။
အန်တီမားတစ်ယောက် ထမင်းချက်ဖို့ အိမ်ပြန်ရောက်တော့ သူမရဲ့ အိမ်ထောင်ဖက်အား ပြောပြခဲ့သည်၊ “ကြည့်ပါလား၊ ကျွန်မပြောတာ မမှားဘူး။ မွေးစားသားအဖြစ် အသိအမှတ်ပြုလိုက်တာ ဘယ်လောက်ကောင်းလဲ။ သွေးသားရင်းကလေးမွေးထားတာနဲ့ မခြားနားဘူး။”
ဦးလေးမားသည်လည်း အတော်လေး စိတ်လှုပ်ရှားသွားသည်။ လူတွေက အသက်ကြီးလာတဲ့အခါ၊ ကလေးတွေကို ကိုယ့်အနားမှာ ထားချင်ကြတယ် မဟုတ်လား။
မတော်လို့ တစ်ခုခု ဖြစ်သွားခဲ့သည်ရှိသော် သူတို့က ဂရုတစိုက် ပြုစုပေးကြလိမ့်မည်။
ဒီတစ်ခါ အဖိုးအိုဝမ်က အဲ့လို ဖြစ်သွားခဲ့တာ မဟုတ်ပါလား။ ကျိုးခိုင်က သူ့ကို နေ့တိုင်း စောင့်ရှောက်ပေးသည်။ ညနေခင်းဆို သူက အဲ့အိမ်မှာ စားသောက်လို့ရသည်။ ရေနွေးကြမ်းဆို ရေနွေးကြမ်း၊ ရေဆို ရေ၊ မပြတ်လပ်ပဲ သူလိုချင်သမျှ အကုန်ရသည်။
ဦးလေးမားသည် အဘိုးဝမ်တစ်ယောက် ကျိုးချင်းပိုင်ကို မွေးစားသားအဖြစ် အသိအမှတ်ပြုလိုက်တာ မှန်ကန်တဲ့လုပ်ရပ်ပဲလို့ ခံစားမိသည်။
သူ တစ်ခုခု ဖြစ်သွားခဲ့ရင် သူတို့က ဂရုစိုက်ပြုစုပေးလိမ့်မယ်၊ မဟုတ်ပါလား။
အဒေါ်မားသည်လည်း ဒီအကြောင်းကို သူမရဲ့ အပေါင်းအသင်းတွေကို ပြောပြခဲ့သည်။ အဒေါ်ကြီးအုပ်စုကလည်း မွေးစားသားအဖြစ် အသိအမှတ်ပြုတာ မှန်ကန်တယ်လို့ ဆိုကြသည်။
“လူအိုကြီးဝမ်မှာ ပိုက်ဆံအများကြီးနဲ့ ခြံကျယ်ကြီးတစ်ခုကို ငှားထားတယ် ဆိုတာ ဘယ်သူ မသိလို့လဲ။ သူတို့က အဲ့တာတွေကို မျက်စိကျနေတာလည်း ဖြစ်နိုင်တာပဲလေ။” သို့ရာတွင် မတူညီသော သဘောထားရှိသူများလည်း ရှိခဲ့သည်။ လူတချို့က ဒီလို ဆိုကြပါသည်။