အခန်း (၂၃၃) - အလကားလူက အရိုက်ခံချင်နေတယ်
ကောလိပ်စာမေးပွဲဝင်ခွင့် ရလဒ်ကို စောင့်ဆိုင်းနေကြစဉ် လူများသည် အနည်းငယ် စိတ်အားထက်သန်မှုကို ခံစားရသည်။လင်းချင်းဟယ် သိသလောက် သည်နှစ်က ကောလိပ်စာမေးပွဲကို ပထမဆုံးအကြိမ် ပြန်လည်စတင်သောနှစ်ဖြစ်တာကြောင့် အရာရာဟာ လျင်မြန်ပြီး အခြေအနေတွေက ပေါ့လျော့နေသေးသည်။ သို့သော်ငြား ဒုတိယနှစ်တွင် ဇနီးရှိသူ ခင်ပွန်းရှိသူများ ဖြေဆိုခွင့်မရပေ။
အကြောင်းမှာ ဒုတိယနှစ်၏ လိုအပ်ချက်အရ ကောလိပ်ဝင်ခွင့်ဖြေဆိုသူများမှာ လူလွတ်ဖြစ်ရပေမည်။ အိမ်ထောင်ရှိသူများကို ကောလိပ်ဝင်ခွင့် မပြုတော့ပေ။
ယင်းက မည်သို့ အဓိပ္ပာယ်နည်း။
ဆိုလိုသည်မှာ ကျေးလက်သို့ ပို့ခံထားရသော ပညာတတ်လူငယ်များတွင် ကွာရှင်းရန် ရွေးချယ်ကြလိမ့်မည်။
ဒီနှစ်က စိတ်အားထက်သန်တဲ့ လူတွေပဲ ဖြေဆိုကြတာ ဖြစ်ကာ နောက်နှစ်တွင် ပိုရှုပ်ထွေးပေမည်။
ပညာတတ်အသိုင်းအဝိုင်းမှ ပညာရေးရုံး၏လက်ထောက်က မကြာမီ ရွေးချယ်ရမည့်ပုံစံ ကြေညာစာ ထုတ်ပြန်ပေးလာသည်။
လင်းချင်းဟယ်နှင့် လောင်တတို့လည်း အလျင်အမြန် သွားရောက်ခဲ့ကြသည်။
တခြားသော ပညာတတ်လူငယ်များသည်လည်း ထိုနေရာတွင် ရောက်ရှိနေကြပြီး သူတို့က ရွေးချယ်ရမည့်ပုံစံကို ရလိုက်ကြသော်လည်း သူတို့က မည်သို့ဖြည့်ရမည်ကို မသိသဖြင့် သူတိုက အဆုံးတွင် လင်းချင်းဟယ်ထံသို့ ရောက်လာကြသည်။လင်းချင်းဟယ်၏ ရွေးချယ်မှုက အလွန်ရိုးရှင်းကာ ပေကျင်းတက္ကသိုလ်၊ ဟွားချောင်းတက္ကသိုလ်၊ ဖူတန့်တက္ကသိုလ်၊ ကျဲ့ကျန်းတက္ကသိုလ်တို့ ဖြစ်သည်။
ထိုတက္ကသိုလ် လေးခုသာ ဖြစ်ပေသည်။
လောင်တက သူ့အမေဆီမှ တိုက်ရိုက် ကူးချလိုက်သည်။ သူ့အဘွားက သူ့ကို သူ့အမေနှင့် တူညီသော တက္ကသိုလ် အတူတူ သေချာပေါက်ဝင်ရန် သီးသန့် လာရှာခဲ့၏။
ထို့အပြင် လောင်တက စာမေးပွဲ အောင်မြင်ဖို့ များသည်။ ဆိုရလျှင် သူက လက်ရှိတွင် အထက်တန်းကျောင်းဆင်း တစ်ယောက် ဖြစ်ပြီး မေးခွန်းများကို ပိုင်နိုင်ပေမည်။