အခန်း (၃၁၅) – အဖိုးနည်းဆိုင်
ဒုတိယအစ်မရဲ့ သားဖြစ်သူ ဟူကျစ်သည် နောက်တစ်နေ့တွင် အိမ်လည်ရောက်လာခဲ့သည်။
အသက် ၁၇ နှစ်အရွယ် ကောင်လေးတစ်ယောက်အနေဖြင့် ဟူကျစ်သည် အရပ်က ၅ပေ ၈လက်မ ရှိသည်။ သူက အရပ်ပုတာ မဟုတ်ပေမယ့် သူမရဲ့ ကလေးတွေနဲ့ ယှဥ်ရင်တော့ အရပ်ပုတယ်လို့ ဆိုရမည်။
သို့တိုင်၊ သူက ကြီးထွားနေဆဲ အရွယ်ဖြစ်သည်။ သူက အနာဂတ်တွင် သေချာပေါက် အရပ်ရှည်လာလိမ့်မည်။
လင်းချင်းဟယ်က ပြုံးပြီး “နင် စားပြီးပြီလား” ဟု ကြိုဆိုခဲ့သည်။
“စားပြီးပြီ။ ဒေါ်လေး၊ ကျွန်တော်အတွက် အလုပ်ရှုပ်စရာ မလိုပါဘူး။” ဟု ဟူကျစ်က အနည်းငယ် ရှက်ရွံ့စွာ ပြောလိုက်သည်။
“နင့်အမေက နင့်ဦးလေးနဲ့ ငါ့ကို ကူညီလုပ်ကိုင်ပေးဖို့ နင့်ကို မြို့တော်ကို လွှတ်ပေးချင်တယ်လို့ ဒေါ်လေးကြားတယ်။ ဒါပေမယ့် ဒါက နင့်အမေရဲ့ စိတ်ကူးပဲ။ ဒေါ်လေးက နင့်ကိုယ်ပိုင်ဆန္ဒကို သိချင်တယ်။” ဟု လင်းချင်းဟယ်က ပြောလိုက်သည်။
“ဒေါ်လေး၊ ကျွန်တော် လိုက်ချင်ပါတယ်။” ဟု ဟူကျစ် ပြန်ဖြေသည်၊ “ကျွန်တော်က နှစ်အနည်းငယ်လောက်ပဲ စာသင်ဖူးတယ်။ ကျွန်တော်က ဗဟုသုတ သိပ်မရှိပေမယ့် ဒေါ်လေး ခိုင်းသမျှကို လုပ်နိုင်ပါလိမ့်မယ်။”
လင်းချင်းဟယ်က ပြုံးပြီး “ဒါဆို ငါ နင့်ကို စျေးရောင်းခိုင်းမယ်ဆိုရင် နင်မျက်နှာပျက်မှာကို မကြောက်ဘူးလား။” ဟု ပြောလိုက်သည်။
လမ်းဘေးစျေးဆိုင်ရောင်းချခြင်းသည် မျက်နှာသာ သိပ်မရပေ။
“ဘာကြောက်စရာရှိလို့လဲ။ ကျွန်တော် မြို့တက်ပြီး ငါးရောင်းဖူးတယ်။ စီးပွားရေးက အတော်လေး ကောင်းပေမယ့် ရောင်းချဖို့ ငါးက နည်းလွန်းနေတယ်။” ဟု ဟူကျစ်က ပြောသည်။
ဒီကောင်လေးရဲ့ အသားအရေက ညိုမှောင်နေသည်။ တစ်ချက်ကြည့်လိုက်တာနဲ့ ဒီကောင်လေးက အပြင်အရမ်းထွက်တာ သိသာထင်ရှားသည်။
လင်းချင်းဟယ်က ပြုံးပြီး “နင် လိုက်ချင်တယ်ဆိုကတည်းက ဒါက ပြဿနာမရှိဘူး။” ဟု ပြောလိုက်သည်။